အပိုင်း(၁၁)

724 4 0
                                    

"လိုက်ခဲ့ပါလား....ကြွယ်ရယ်။ နင်ပါမှ ပျော်ဖို့ကောင်းမှာဟာ"

"ဟင့်အင်း။ မလိုက်ချင်ပါဘူး"

"လိုက်ခဲ့ပါဟယ်။ ငါတို့အကုန်ဒကာခံပေးပါမယ်"

ကြွယ်တို့ အိမ်ထိ ကြွယ်သူငယ်ချင်းနှစ်ယောက် မိပေါက်နှင့် ယွန်းယွန်း ပေါက်ချလာပြီး မြို့ပေါ်မှ ဘုရားပွဲသွားရန် ပူဆာနေကြခြင်းဖြစ်သည်။

"လိုက်ချင်လိုက်သွားလေ...သမီး။ မေမေ ခွင့်ပြုတယ်"

"ဟင့်အင်း။ သမီး မသွားချင်ဘူး"

"အမေကြီး....ကူပြောပေးအုံး။ လိုက်ခဲ့ပါဟာ.....နော်.....နော်.....နော်လို့"

အရူးအမဲသားကျွေးမိသလို တပူပူ၊ တဆာဆာလုပ်နေကြသည်။

အဆိုးဆုံးက မိပေါက်။

မရမကခေါ်မည်ဟု သန္ဓိဋ္ဌာန် ချထားသည်လား အောက်မေ့ရသည်။

အကြောင်းမှာ ကြွယ်၏နေပုံထိုင်ပုံလေး အေးဆေးရိုးသားပုံပေါက်သဖြင့် ကြွယ်ပါလျှင် သူတို့သမီးတွေနှင့် စိတ်ချလက်ချ ထည့်လိုက်လေ့ရှိသည်။

မိပေါက်နှင့် ယွန်းယွန်းက ကြွယ်နှင့်မတူ အခု အဝေးသင်ကျောင်းသူလေးတွေ ဖြစ်နေကြပြီ။

ထို့ကြောင့် အရင်ကထက် လူရည်ပိုလည်လာကြပြီး ပိုသွက်သလို ဖြစ်နေသည့်ကို သူတို့မိဘတွေ မျက်လုံးထဲမှာတော့ ထောင့်မကျိုးဘဲ ဆတ်ကော့လန့်ကော့ သဏ္ဌာန်ပေါက်နေသည်။

ထို့ကြောင့် ခပ်ရိုးရိုးကုပ်ကုပ် ကြွယ်ပါမှသာ ဘုရားပွဲတွေ၊ ခရီးတိုလေးတွေလွှတ်လေ့ရှိသည်။

"လိုက်ခဲ့နော်။ ငါတို့ နင့်ကို အကုန် ဒကာခံပြုစုပေးမှာပါဟာ"

ကြွယ်စိတ်ထဲ စနိုးစနောင့်တော့ဖြစ်သွားသည်။

ဒင်းတို့ ရိုးရိုးသားသား မဖြစ်တန်ကောင်းရာ။

သို့ပေသိ တကျီကျီ၊ တပူပူလုပ်နေသည်ကို ကြွယ် စိတ်ရှုပ်လာသည်။

"ပြီးရော......လိုက်ခဲ့မယ်"

"ဟိ....ဟိ။ ကျေးဇူးပဲ ကောင်မရာ"

"မမ သမီးလည်း လိုက်ချင်တယ်"

ထိုစဉ် မိပေါက်မှ ကမန်းကတမ်း ဝင်တားသည်။

ရမ္မက်စီးချင်းWhere stories live. Discover now