ကြွယ်ကတော့ ပုံမှန်ရိုးရိုးသားသားပြောလိုက်သော်လည်း ဦးစိုးသွင် မျက်နှာအမ်းသွားရသည်။
သူမကို ထောက်လှမ်းရေးလုပ်နေသည်ကို စောင်းပြောနေတာမျိုးလား။
"အင်း.....နှမ.....နှမလေးရော....တစ်ယောက်တည်း လာတာလား။ အဖော်တွေ မပါလာဘူးလား"
"ပါတယ်။ မိပေါက်တို့နဲ့လာတာ။ ဒါပေမဲ့ လူကွဲသွားလို့ ကြွယ် အခုတစ်ယောက်တည်းဖြစ်နေတာ"
"ဟုတ်လား"
ကြွယ် မရည်ရွယ်ပါဘဲ ဦးစိုးသွင်လုံခြည်ဝတ်ထားသည့် ပေါင်ဂွကြားကို တစ်ချက်ရှိူးလိုက်သည်။
ထိုလုံခြည်အောက် ဖုဖုဖောင်းဖောင်းကြီးဆိုသည့် အရာကြီးတစ်ခုရှိနေသည်ပဲ။
"နှမလေး....ဦးကြီး တောင်းပန်ပါတယ်နော်"
"ဘာကိုပြောတာလဲရှင့်"
ရှေ့မျက်နှာနောက်ထားကာ ဦးစိုးသွင် ခဏက အဖြစ်အတွက် တောင်းပန်စကားဆိုလိုက်သည်။
"ခဏက လူတွေကြား နှမလေးကို လာလာဖိထားသလိုဖြစ်သွားရလို့လေ"
"ဪ....ဒါလား...ဦးကြီးရဲ့။ ဘာမှမဖြစ်ပါဘူး။ လူတွေ အဲလောက်များနေတာ။ ဖိမိ၊ တိုက်မိတာ ရှိကောင်းရှိမှာပေါ့။ ကြွယ်က သိတောင် မသိလိုက်ဘူးပဲ"
အားတုံ့အားနာဖြစ်နေသော ဦးစိုးသွင်ကို စိတ်ထဲသနားသလို ခံစားရသဖြင့် ခပ်ပေါ့ပေါ့တန်တန်ပုံစံဖြင့် ပြောလိုက်သည်။
ကြွယ်ဆီမှ ရှက်ကြောက်ဒေါသထွက်နေသည့်ပုံစံ မတွေ့ရသောကြောင့် ဦးစိုးသွင် စိတ်လက်သက်သာရာ ရသွားရှာသည်။
"အင်း......ဒါဆို ဦးကြီး ပြန်တော့မယ်။ ပန်းမွှေးကိုလည်း မေးလိုက်အုံး။ နေကောင်းရဲ့လားဆိုပြီး ဦးကြီးက စကားလက်ဆုံ ပါးလိုက်တယ်လို့"
"ဦးကြီး...မပြန်ပါနဲ့အုံး"
"ဗျာ"
ဦးစိုးသွင် ကြွယ်ဆီမှ စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားရသည်။
"ကြွယ်လေ.....အခု အိမ်ပြန်ချင်နေပြီ။ မိပေါက်တို့၊ ယွန်းယွန်းတို့ အတူတူလာပေမဲ့ အခု လူကွဲသွားလို့ ဘယ်မှာမှန်းမသိဘူး။ရှာလို့လည်း မတွေ့ဘူး။ ကြွယ်က သူတို့နဲ့လိုက်လာတာ။ အပန်းမကြီးဘူးဆိုရင် ဦးကြီး ကြွယ်တို့ရွာပြန်ပို့ပေးပါလား"
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။