အပိုင်း(၁၀)

1K 8 0
                                    

အနီးကပ်ရောက်လာလေလေ သူမ၏ အလှတရားက ပို၍မြင်သာထင်ရှားလာသည်။

သူမက ခွေးတစ်ကောင်ကို ပြေးလိုက်နေသည်ပဲ။

ခွေးက ဘာမှန်းမသိသည့် အထုပ်တစ်ထုပ်ကို ကိုက်ချီနေသည်။

ထိုမိန်းကလေးအထုပ်နှင့်တူပါရဲ့။

ဦးစိုးသွင် မိမိနှင့် မလှမ်းမကမ်းလောက်ရှိနေသည့် ခွေးကို မာန်မဲခြောက်လှန့်လိုက်သည်။

"ဟိတ်.....တောက်.......ခွေး"

ခွေးက ဂရုကိုမစိုက်။

မဖြစ်ရေးချ မဖြစ်တော့ပြီ။

အနီးနားရှိနေသည့် အတော်အတန်ကြီးသော ခဲကို ကောက်ကိုင်ကာ လှမ်းထုလိုက်သည်။

"ကိန်.......ကိန်......အု.....ဝု....ဝု.....ကိန်"

ချက်ကောင်းထိသွားသော ခွေးက အထုပ်အားလွှတ်ချကာ ဦးစိုးသွင်အား ထိုးဟောင်လေတော့သည်။

"ဝုတ်.......ဝုတ်.......ကိန်....အု......အု....အု"

နောက်ခဲတစ်လုံးနှင့် ထပ်ပစ်လိုက်မှ အလန့်တကြားထွက်ပြေးသွားလေတော့သည်။

ဦးစိုးသွင် ကျကျန်နေသည့်ထိုအထုပ်အား ကောက်ယူကာ သူ့ဆီလှမ်းလာနေသည့် ထိုမိန်းကလေးရှိရာသို့ လှမ်းသွားလိုက်သည်။

နီးကပ်လာလေ သူမ၏ရေစိုနေသည့်ထမိန်ရင်လျားအောက် အမို့အမောက်၊ အကွေ့အဝိုက်တွေက တိတိပပ ထင်ရှားလှပပိုလွင်လာလေဖြစ်နေသည်။

ညနေစောင်းစပြုတော့မည့် သူရိယနေမင်း၏ အလင်းရောင်နှင့် မိန်းကလေး၏ အသားရေက အရောင်တွေဟပ်ကာ ဝင်းမွတ်လှပနေ၏။

ငြိမ်သက်စပြုနေသည့် ဦးစိုးသွင် စိတ်က မိန်းကလေး၏ အလှအပအောက် ဟုန်းခနဲ့ ပြန်လည် ထတောက်လာသည်။

"ကျေး....ကျေးဇူးတင်ပါတယ်...ဦးကြီးရှင့်"

ကြွယ်ထက် အသက်တော်တော်ကြီးမည့်ပုံပေါက်သမျှ ဦးကြီးဆိုသော နာမ်စားသုံးလိုက်ရသည်။

အိပ်ချင်မူးတူးဖြစ်နေတာလားပင်။

ထိုလူကြီးမျက်စိတွေ နီရဲကျိန်းစပ်နေသည်။

ရမ္မက်စီးချင်းWhere stories live. Discover now