"ဦးစိုး.....နေ.....နေပါအုံး။ ကြွယ် ပြန်တော့မယ်။ ခွေးတွေ တအားအူနေပြီ"
ကြယ်သီးဆီ ချွတ်ရန်ဟန်ပြုနေသည့် သူ့လက်တွေဆီ ကြွယ်က ကိုင်ကာ တားမြစ်သည်။
"အခု တအားနောက်ကျနေပြီ........နောက်.....နောက်မှ ကြွယ်တို့ ထပ်တွေ့ကြမယ်လေ"
ကြွယ် ပြောတော့လည်း ဟုတ်သားပင်။
အခုတောင် အချိန်တော်တော်လင့်နေလောက်ပြီ။
ကြွယ်ကို ကြည့်လိုက်တော့ သနားစဖွယ်၊ တိုးလျှိုးတောင်းပန်နေသည့် အသွင်ဖြင့်။
အင်း။
အဆင်ပြေမှာပါလေ။
တအားကြီး ကမူးရှူးထိုးတက်လုပ်လိုက်လျှင် မိမိကို တဏှာရူးကောင်ကြီးဟု ထင်သွားမှာ စိုးရသေးသည်။
"နှမလေးက ပြန်ချင်နေပြီလား"
"အင်း......ညတအားနက်သွားရင် မကောင်းဘူးလေ.....အခုလည်း ကြည့်.....ခွေးတွေ အူနေပြန်ပြီ"
"အင်း.......နှမလေး သဘော။ လာ....ဦးကြီး လိုက်ပို့ပေးမယ်"
ရွှေစိတ်တော်ညှိုးသွားမှာ ကြောက်သဖြင့် ဦးစိုးသွင် ကြွယ်အလိုကို လိုက်လျောပေးခဲ့သည်။
ကြွယ် က ဖရိုဖရဲဖြစ်နေသောဖြစ်နေသော သူမ အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်သည်။
ပေါက်ထွက်မတတ်ခုန်နေသော ရင်ခုန်သံတွေက အခုမှ ငြိမ်စပြုလာသည်။
"လာ....ဦးကြီး...ပြန်လိုက်ပို့ပေးမယ်"
"ဟင်.....မပို့ပါနဲ့တော့"
"ဘယ်ဖြစ်မလဲ နှမလေးရယ်။ လမ်းမှာ တစ်ခုခုများ မတော်တဆဖြစ်သွားရင် ဦးကြီး ရင်ပူရချည်ရဲ့နော်"
ကြွယ် ဦးစိုးသွင် အခေါ်အဝေါ်၊ အသုံးအနှုန်းတွေကို ကြားတိုင်းမှာ ရယ်ချင်စိတ်ဖြစ်မိသည်။
စကားလုံးတွေက အဘိုးကြီးဆန်လွန်းနေသည်။
ရယ်ချင်စိတ်ကို ချုပ်တည်းကာ မျက်နှာပိုးသတ်လိုက်ရသည်။
သူ့ခမျာ တကယ်စိတ်ပူလို့ ပြောရှာတာနေမှာပါလေဟုသာ တွေးပေးမိသည်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။