အပိုင်း(၄)

1.4K 5 0
                                    

ဦးစိုးသွင်၏ ဆုံးပါးသွားသော "ဒေါ်ကျော့မေ" အကြောင်းဆက်မပြောရန် တားမြစ်သည့် သဘောဖြင့်ကြွယ်က ဦးစိုးသွင်နှုတ်ခမ်းပေါ် သူမလက်ညှိုးလေးတင်လိုက်သည်။

ကြွယ် အမေ ဒေါ်ပန်းမွှေး၊ ဆုံးပါးသွားသော ကြွယ်အဖေ ဦးကိုကြီးနှင့် အခု ကြွယ်ချစ်သူ ဦးစိုးသွင်နှင့် သူ့မိန်းမ အရီးလေး ဒေါ်ကျော့မေ တို့က ငယ်သူငယ်ချင်းတွေဖြစ်ကြသည်။

လူပျိုပေါက်၊ အပျိုပေါက်အရွယ်တွေ ရောက်ကြသည့်အခါ ကိုယ့်အချင်းချင်း ပြန်ကြိုက်ကုန်ကြပြီး အသီးသီး အိမ်ထောင်ကြကုန်၏။

ကြွယ် အဖေ ဆုံးရခြင်းသည်လည်း ဦးစိုးသွင်တို့ ထန်းတောမှာပင် သူတို့သူငယ်ချင်းတသိုက် ထန်းရည်မူးမူးပြီး ထန်းပင်ပေါ်တက်ပြိုင်ကြရာမှ ခြေချော်ပြုတ်ကြပြီး ဆုံးပါးသွားရခြင်းဖြစ်၏။

ထိုအချိန်မှ စ၍ ကြွယ်အမေ ဒေါ်ပန်းမွှေးက ဦးစိုးသွင်ကို အခေါ်အပြောမလုပ်တော့။

သူမယောကျ်ားဆုံးပါးရခြင်းသည် သူငယ်ချင်းတွေ စနက်မကင်းဟု စိတ်ထဲ ထင်ကာ အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်သည်။

သူမ သမီးနှစ်ယောက်ကိုလည်း ဒီထန်းတောဖက်ခြမ်းကို တစ်စက်မှ မသွားခိုင်းတော့ပေ။

ကံကြမ္မာက ထပ်ကျီစယ်ပြန်တော့ ကြွယ်က ဦးစိုးသွင်နှင့် အချစ်ဇာတ်လမ်း ဖွင့်မိသည့်အဖြစ်။

ဦးစိုးသွင်က မိမိနှုတ်ခမ်းပေါ်တင်ထားသည့် ကြွယ်လက်ကလေးကို လှမ်းဆုပ်သည်။

ညအမှောင်ကြား လင်းလက်နေသည့် လရောင်က စိတ်ဆင်ရိုင်းကို ပိုဇောသန်အောင် မောင်းနှင်ပေးနေသည်။

"အိုး....လွှတ်ပါ ဦးစိုးရယ်။ မကောင်းပါဘူး"

"ဘာမကောင်းတာ ဖြစ်ရမှာလည်း နှမလေးရယ်။ ဦးကြီးတို့က ချစ်သူတွေဖြစ်နေပြီပဲကွာ"

ဦးစိုးသွင်က ကြွယ်နှင့်တွေ့လျှင်မိမိကိုယ်ကို "ဦးကြီး" ဟု ခေါ်ဝေါ်သော်လည်း အသက်မှာ သိပ်မကြီးလှပေ။

ဒေါ်ပန်းမွှေးက ကြွယ်ကို အသက်(၁၈)နှစ်ကတည်းက မွေးတော့ အခုဆို ဒေါ်ပန်းမွှေးတို့ သူငယ်ချင်းတွေအကုန် (၃၇)၊(၃၈)ပတ်ချာလည်မျှသာ ရှိသေးသည်။

ရမ္မက်စီးချင်းWhere stories live. Discover now