အပိုင်း(၉)

761 6 0
                                    

ကြွယ်နှင့် စဆုံတွေ့ရသော အဆိုပါနေ့သည် ဦးစိုးသွင်အတွက် ထူးမခြားနားနေ့တွေထဲမှ တစ်နေ့သာ။

မိန်းမဆုံးပါးသွားသဖြင့် ပေတေလေလွင့်နေသောစိတ်ကို ထန်းရည်ဖြင့် နေ့နေ့ညညစိမ်၏။

မိန်းမဆုံးပါးရခြင်းသည် မိမိအပြစ်ပါများပါနေသလားဆိုသည့်စိတ်က ပိုဆိုးစေသည်။

ဆုံးပါးသွားသည်မှာ (၁)နှစ်ကျော်နေပြီသော်လည်း အလွမ်းတွေက တမ်းတမ်းတတ။

ဆုံးပါးရခြင်း၏ အကြောင်းအရင်းသည်လည်း ခွေးရူးပြန်သောကြောင့် ဆုံးပါးသွားရသည်။

ဒီနေ့ခေတ်ကာလကြီးမှာ ခွေးရူးပြန်၍ ဆုံးသွားရခြင်းသည် လူကြားလို့မှမကောင်းပေ။

မိန်းမဖြစ်သူ ကျော့မေကလည်း ရွာထဲက လေလွင့်ခွေးတွေကို တစ်ခါတစ်လေကျ အစာကျွေးတတ်သည့် အကျင့်ရှိသည်။

ကံကြမ္မာဆိုးက အကြောင်းတိုက်ဆိုင်လေတော့ အစာတငမ်းငမ်းဖြစ်နေတော့ ခွေးက ဒေါ်ကျော့မေလက်ကို ခြစ်မိသည်။

ဒေါ်ကျော့မေကလည်း နေ့တိုင်းကျွေးနေကျခွေးဟု ယူဆပြီး ပေါ့ပေါ့တန်တန်နေမိလေသည်။

တစ်လလောက်ကြာတော့ ထိုခွေးက ရွာကရှိရှိသမျှလူတွေကို လှမ်းကိုက်နေသောကြောင့် အန္တရာယ်ရှိသည်ဟုယူဆကာ ဝိုင်းရိုက်သတ်ပစ်လိုက်ကြသည်။

ထိုအချိန်ထိ ဒေါ်ကျော့မေ စိတ်ပူရကောင်းမှန်း မသိသေးပေ။

ဖျားချင်သလိုလို၊ နေမကောင်းသလိုလို တရှောင်ရှောင်ဖြစ်လာရမှာ အစက ဦးစိုးသွင်လည်း သာမာန်အာဂန္တုဂအဖျားလောက်သာ ထင်မိသည်။

သို့သော် တစ်ရက်လည်း မသက်သာ၊ တစ်ပတ်ကြာလည်း မသက်သာဖြစ်နေရာမှ အဆုံးသတ်တွင် ဆေးရုံကြီးဆီ ပြသည်။

ဆေးရုံကလည်း လူနာအခြေအနေသည် ဆေးရုံတက်ရန်လိုအပ်သည်ပြောသဖြင့် ဆေးရုံတင်လိုက်ရသည်။

ဒေါ်ကျော့မေ၏ ရောဂါအား ရှာဖွေစမ်းသပ်စစ်ဆေးသည်။

အကြောင်းရှင်းရှာမတွေ့ပေ။

တစ်ပတ်လောက်ကြာလာသည်နှင့် ဒေါ်ကျော့မေ တက်မတတ်၊ ချက်မတတ်ဖြစ်ပြီး သတိလစ်သွားတော့သည်။

ရမ္မက်စီးချင်းWhere stories live. Discover now