ဒီလိုမျိုး တည့်တိုးကြီး ပြောလိမ့်မည်ဟု ကြွယ် မထင်ခဲ့ပါ။
ဦးစိုးသွင်ကလည်း စိတ်အရိုးခံရှိသူပီပီ စကားကို တန်ဆာမဆင်နေတော့ဘဲ ဟောဟောဒိုင်းဒိုင်းပြောလိုက်သည်။
"ဦးကြီး နှမလေးအပေါ် မေတ္တာသက်ဝင်နေပါတယ်။ နှမလေးနဲ့ ဦးကြီးအသက်အရွယ် ကွာမှန်းလည်း သိပါတယ်။ ဒါပေမဲ့ အချစ်မှာ မျက်စိမှာ မရှိဘူးဆိုတဲ့ စကားကို နှမလေးလည်း ကြားဖူးမှာပါ။ ဦးကြီး နှမလေးအပေါ် ချစ်မြတ်နိုးပါတယ်။ လက်ထပ်ချင်ပါတယ်။ ပြီးတော့ မယားမှတ်မှတ်၊ သားမှတ်မှတ် ပေါင်းသင်းယူပါမယ်"
"ရှင်..........ရှင်"
ကြွယ် ဆွံ့အသွားလေပြီ။
အခုပဲ ချစ်သည်ပြော၊ အခုပဲ လက်ထပ်ချင်သည်ပြော။
ချက်ချင်းကြီး သူ့မိန်းမအဖြစ် လုပ်ခိုင်းနေပါလား။
ဘယ်လိုလူကြီးလဲ။
ဒီက မိန်းမသားရှင့်။
အိန္ဒြေသိက္ခာလေးနဲ့ နည်းနည်းလေး မူပါရစေအုံးလား။
ရုပ်ကလည်း ပုံမှန်ရုပ်ရည်နှင့် ကိုယ့်အဖေအရွယ်လောက်ရှိသည့် ဦးကြီးကို သူမကိုယ်တိုင်ကလည်း မခြူခင်ကတည်းက ညွတ်နေမိသည်လေ။
"နှမလေးဖက်ကရော...........ဦးကြီးအပေါ် ဘယ်လိုသဘောရှိလဲ"
"ကြွယ်.....ကြွယ်....မပြောတတ်တော့ဘူး"
"တစ်ခုခုတော့ ပြောပေးခဲ့ရင် ဦးကြီးအတွက် ပိုကောင်းမှာပဲ"
"ကြွယ် က မိန်းကလေးလေ။ နည်းနည်းပါးပါး စဉ်းစားအုံးမှာပေါ့"
"မစဉ်းစားနဲ့တော့။ ဒီမယ် နှမလေး ဦးကြီးမျက်လုံးကို တည့်တည့်ကြည့်ပြီး အခုပဲ လက်ခံနိုင်၊ မနိုင်ဆိုတာကိုပဲ ရဲရဲကြီး ပြောချလိုက်တော့ကွာ"
"အိုး"
စူးရဲတောက်နေသည့် ဦးစိုးသွင် မျက်လုံးတွေကို ကြွယ်စေ့စေ့မကြည့်ရဲတော့ပါ။
ရင်ခုန်သံတွေက မြန်သထက် မြန်လာလေပြီ။
ထိုစဉ် ဟိုးအဝေးမှာစကားသံလိုလို ကြားနေရသည်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။