Arc(1)တစ္ဆေတစ်ကောင်နှင့်ကြုံရခြင်း(၂၁)။
အိမ်အိုကြီးထဲမှာတောက်လောင်နေသည့်မီးတောက်များမှာဆယ်မိနစ်ကျော်ကြာပြီးမှငြိမ်းသွားပြီး ခေါင်မိုးထက်မှာထူထဲသောအနက်ရောင်အငွေ့များဖြည်းဖြည်းချင်းလွင့်မျောနေတုန်းပင်။
ချူရှစ်ယွီမည်းတူးသွားသောခေါင်မိုးကိုကြည့်ကာနည်းနည်းမသက်မသာဖြစ်သွားရသည်။ သူဒီနေ့ဘာလို့အဲ့လောက်ကံဆိုးရတာလဲ။ အိမ်ကမီးကျွမ်းသွားရော။
ထူးဆန်းလိုက်တာ။
ကံကောင်းလို့ချင်ကျိအချိန်မီသိသွားတာမို့အိမ်ထဲကဘာပစ္စည်းမှမီးမလောင်သွားဘူး။ မီးငြိမ်းသွားချိန်မှာချင်ကျိကသူ့အဖွား၏ပုံတူပန်းချီကိုချက်ချင်းကူထုတ်ပေးလာပြီး ၎င်းမှာကောင်းကောင်းမွန်မွန်ရှိနေကာဘာမှဖြစ်မသွားပေ။
ထို့နောက်။
ချင်ကျိကအိမ်ထဲလိုက်ဝင်ကာချူရှစ်ယွီကိုနေ့စဥ်သုံးပစ္စည်းများကူထုတ်ပိုးပေးပြီး သူ့ကိုရှေးဟောင်းစံအိမ်ကြီးထဲပြောင်းရွှေ့ဖို့ပါကူညီပေးလေသည်။
ချင်ကျိကသူမြင်ဖူးသမျှထဲမှာစိတ်အားအထက်သန်ဆုံးအိမ်နီးချင်းဖြစ်သည်။
အကုန်အစီအစဥ်တကျဖြစ်သွားပြီးနောက် ချူရှစ်ယွီအရှေ့ခန်းမှာဝင်ထိုင်ကာအနားယူလိုက်သည်။ ချင်ကျိကသူ့ဘေးမှာဝင်ထိုင်ပြီးသူ့ကိုလက်ဖက်ရည်တစ်ခွက်ပေးလာသည်။
ချူရှစ်ယွီနူးညံ့စွာကျေးဇူးတင်လိုက်ပြီး ခွက်ကိုလက်နှစ်ဖက်နှင့်ကိုင်ကာအငုံသေးသေးလေးများသောက်လိုက်သည်။
သူ့မျက်လုံးများမှာမျက်လွှာချထားပြီး သူ့မျက်တောင်များမှာမသိမသာတုန်ရီလျက်သူ၏မက်မွန်ပွင့်လွှာမျက်ဝန်းတစ်စုံမှာတောက်ပလို့နေသည်။ သူကသစ်သားကုလားထိုင်ပေါ်မှာတိတ်တိတ်လေးထိုင်နေပြီး သူ့ဆံချည်မျှင်တိုင်းမှာထူးကဲကာလှပသည်။
ချင်ကျိသူ့ကိုတမေ့တမောကြည့်နေမိသည်။
ချူရှစ်ယွီကချင်ကျိအိမ်၏အရှေ့ခန်းကိုသေချာဂရုတစိုက်ဝေ့ဝဲကြည့်လိုက်သည်။ အရှေ့ခန်းမမှာခမ်းနားကြီးကျယ်ကာကျယ်ပြောလှသည်။ နံရံပေါ်ကသစ်သားစင်များပေါ်မှာကျောက်မျက်ရတနာနှင့်ကျောက်စိမ်းများစွာတင်ထားသည်။ သူမနေနိုင်ဘဲအံ့သြမှင်သက်မိလေသည်။
YOU ARE READING
မိစ္ဆာတွေကငါ့ကိုစွဲလမ်းနေကြတယ် | ဘာသာပြန်။
Horrorချူရှစ်ယွီအဆုံးမဲ့ဂိမ်းထဲမတော်တဆကျရောက်သွားခဲ့သည်။ သူသိလိုက်ရတာက ပင်မဇာတ်ကြောင်းမှာနဂိုဆက်တင်အတိုင်းမသွားရုံတင်သာမက သူလည်းပဲ....မှောင်ရိပ်ခိုလျက်သူ့ကိုထောက်လှမ်းနေသည့်မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကြုံတွေ့ခဲ့ရသည်။ [ တုံးအအအလှလေးရှို့ x ပိုင်ဆိုင...