စိတ်အနှောက် အယှက်ပေးသော
ကြောက်စရာအကောင်းဆုံးက သိသိသာသာအဆင့်ကျခြင်းကြောင့် ဆရာထံမှ ဝေဖန်ခံရခြင်း မဟုတ်ဘဲ ဆရာများစွာ၏ စိုးရိမ်ပူပန်သည့်မျက်လုံးများစွာဖြင့် ဝန်းရံကာအကြည့်ခံရကာ နည်းလမ်းပေါင်းစုံဖြင့် ပူပန်မှုကို ပြသလာကြခြင်းပင်။
ထို့ပြင် သူတို့က သူ စာမေးပွဲကို 'တမင်တကာ' ကောင်းကောင်း မဖြေနိုင်ခဲ့သည့်မှာ အခြားအကြောင်းပြချက်များကြောင့်ဟု တစ်စိတ်တစ်ဝမ်းတည်းဖြင့် ဆုံးဖြတ်လိုက်ကြသေး၏။
"မင်းရဲ့ သင်ကြားရေး ပတ်ဝန်းကျင်ကို ပြောင်းလဲချင်တာမျိုးဆိုရင်တော့ ဒါက အဆင်ပြေပါတယ်”
လောင်ဟဲက သူ့ပုခုံးကိုပုတ်ကာ စိတ်ပူစွာ ပြောလာ၏။
"ဆရာ အတန်းတစ်ဆယ်က အတန်းပိုင်နဲ့ သဘောတူညီမှု ယူပြီးသွားပြီ။ ပြီးတော့ မင်းရဲ့ သင်္ချာနဲ့ ဓာတုဗေဒ ဆရာတွေကလည်း အတန်း တစ်ဆယ်မှာ သင်ကြမှာ။ လုံးဝ စိတ်ပူစရာမလိုဘူး၊ ဒါက အရင်အတိုင်းလိုပါပဲ"
ယွင်ဖန်း:"....."
ကျေးဇူးပါလို့……
ရုံခန်းထဲက ထွက်လာချိန်မှာ ယွင်ဖန်း တကယ်ကို စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
စာနတ်ဘုရားတစ်ယောက်ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကြီးကတော့။
ကံကောင်းစွာဖြင့် သူ့၏ လက်ခံနိုင်စွမ်းက အမြဲလို သန်မာလေကာ ပေးလာသည့် အခြေအနေအရ ထိပ်တန်းအခန်းမှာ စာသင်ရသည်ထက် ပုံမှန်အတန်းမှာ သင်ရသည်က ပို၍ သင့်တော်လှသည်ပင်။ အနည်းဆုံးတော့ တိုးတက်မှုက အလွန်မြန်မှာမဟုတ်လေကာ သူ၏ ချို့ယွင်းချက်များကိုပြင်ရန် အချိန်အများကြီး ရလာလိမ့်မည်ပင်။
အတန်းပိုင်ဆရာက ထန်ရိနှင့် ယွင်ဟဲယွီတို့အား ဤအမှတ်များအကြောင်း ပြောပြခဲ့ပြီး သား ဖြစ်သည်။သို့ငြား သူတို့နှစ်ယောက်စလုံးကတော့ ဤအကြောင်းကို အစမဖော်လာခဲ့ကြပေ။ အားလုံးက ပုံမှန်ပင်ဖြစ်ကာ ဤသည်က ယွင်ဖန်းကို အနည်းငယ် အနေရခက်သွားရစေလေသည်။
YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus