Chapter 17

305 47 3
                                    

ရှက်ရွံ့ခြင်း

"ဖြည်းဖြည်း ...သီးကုန်ဦးမယ်"

ယွင်ဖန်းက လက်ကိုင်ပုဝါကိုချလိုက်ကာ ထိုင်ခုံကျောကို မှီလိုက်သည်။

"မင်းကို ဘယ်သူပြောတာလဲ?"

ရိချန်းလျန်က နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ထားကာ သူ့မျက်ခုံးက တင်းတင်းကြပ်ကြပ် တွန့်သွားခဲ့၏။

"ငါ့ ဝမ်းကွဲက ငါ့ကို ခြိမ်းခြောက်ပြီး လီခိုင်အတွက် ငွေစာရင်းအတု လုပ်ခိုင်းတုန်းက မတော်တဆ ကြားခဲ့တာ။"

ယွင်ဖန်းက အတော်လေး တည်ငြိမ်နေဟန်ပင်။

"ဘဲကင်ဆိုင်မှာတုန်းက လီခိုင်လည်း အဲ့ဒီမှာ ရှိနေခဲ့တယ်"

ရိချန်းလျန်၏ မျက်ခုံးက ပိုပြီး ကြုတ်သွားလေသည်။

"လီခိုင်က လူကောင်းမဟုတ်ဘူး။သူနဲ့ဝေးဝေးနေ။ ပြီးတော့ မင်းရဲ့ ဝမ်းကွဲက..."

ရိချန်းလျန်အတော်လေး ပဟေဠိ ဖြစ်နေဟန်ဖြင့်

"သူက မင်းကို ဘာနဲ့ ခြိမ်းခြောက်တာလဲ?"

"သူပြောတာက ငါက သဘောမတူဘူးဆိုရင် ငါက ယောက်ျားလေးတွေကို ကြိုက်တဲ့အကြောင်း ငါ့မိဘတွေကို ပြောပြလိုက်မယ်တဲ့"

ယွင်ဖန်းက ခဏလောက် တွေးလိုက်ပြီး ထပ်ပေါင်းပြောလိုက်၏။

"ပြီးတော့ ကျောင်းကလူတိုင်းသိအောင် သတင်းဖြန့်ပြီး ငါ့ဂုဏ်သတင်းကျဆင်းအောင် လုပ်ပစ်မယ်တဲ့"

"ငါ့လူး!"

ရိချန်းလျန်က ရုတ်ချည်းထရပ်လိုက်ကာ

"အဲ့ဒီ ငတုံးကောင် အခု ဘယ်မှာလဲ!"

ယွင်ဖန်းက အပြစ်ကင်းသည့် ပုံစံလေးဖြင့် ပါးပြင်ကို လက်ဖြင့်ထောက်လျက်

"မင်းက ငါ့အစား သူ့ကို သွားဆုံးမပေးမလို့လား?"

ရိချန်းလျန်က သူ့အား စိတ်ပျက်ဟန် စိုက်ကြည့်လာသည်။

"မင်းရဲ့ ဉာဏ်နီဉာဏ်နက်တွေအကုန် ဘယ်ရောက်ကုန်တာလဲ? သူတို့ကို ဒီအတိုင်း မင်းကို ခြိမ်းခြောက်ခွင့်ပေးထားတယ်ပေါ့?"

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now