Chapter 13

255 49 0
                                    

လေ့ကျင့်ခန်းလုပ်ခြင်း

"ငါက မင်းကို ချီးကျူးနေတာလေ"

ယွင်ဖန်းက အေးအေးဆေးဆေးပြုံးကာ ပြောလိုက်သည်။

"အမှန်တရားကိုလုပ်ဖို့ သတ္တိရှိတဲ့ သခင်ငယ်လေး"

ရိချန်းလျန်က သူ့ထိုင်ခုံကို ကန်လိုက်သည်။

"ဖယ်ပေး ငါဝင်မလို့"

ရိချန်းလျန်၏ ထိုင်ခုံက ပြတင်းပေါက်ဘေး အနောက်ဘက်မှာဖြစ်ကာ ယွင်ဖန်းက သူ့ဘေးတွင် ထိုင်နေပြီး  နံရံကိုမှီကာ ခံစားချက်ကောင်းစွာဖြင့် သူ့ကိုပြုံးပြလာသည်။

"မင်း ဘောလုံး သွားမကစားဘူးလား?"

ယွင်ဖန်းက သူ့ကိုမေး၏။

ရိချန်းလျန်က သူ့အတန်းဖော်များနှင့် အားလပ်ချိန်တွင် ဘောလုံးကစားရတာကို နှစ်သက်သည်ပင်။ မတိုင်ခင်က ယွင်ဖန်းမှာ ထိုသို့သော ရှည်လျားသညိ့ အထက်တန်းကျောင်းသားဘဝကို မရခဲ့ဖူးတာကြောင့် ဤ ဝါသနာအကြောင်းကို မသိခဲ့လေရာ အတော်လေး စိတ်ဝင်စားမိလေသည်။

"နေအရမ်းပူတယ်"

ယွင်ဖန်းကဖယ်ပေးဖို့ ရည်ရွယ်ချက်မရှိသည်ကိုမြင်တော့ ရိချန်းလျန်က မျက်မှောင်ကြုတ်လိုက်ပြီး ခြေလှမ်းကျဲဖြင့် ကျော်ခွလိုက်သည်။

ကျောင်းဝတ်စုံ၌ အဝတ်လျှော်ဆပ်ပြာနံ့ ခပ်ဖျော့ဖျော့ရောနှောနေကာ ယွင်ဖန်း၏ နှာခေါင်းကိုပွတ်တိုက်သွားခဲ့၏။ သူက အနည်းငယ် မသက်မသာဖြစ်စွာ နှာခေါင်းကိုထိလိုက်လျက်

"မင်းသုံးတဲ့ အဝတ်လျှော်ဆပ်ပြာက ဘာတံဆိပ်လဲ?"

"တိအောင်း"

ရနချန်းလျန်က သူ့ကျောင်းဝတ်စုံကို အနံ့ခံကြည့်လိုက်ပြီး အနံ့က ဒီလောက်မပြင်းပါဘူးဟု တွေးလိုက်သည်။

"မင်းဘာလို့ ‌ဆဲနေသေးတာလဲ?"

ယွင်ဖန်းက သူ့ကိုအပြုံလေးနှင့် စ‌လိုက်၏။

"အမိမြေရဲ့ ပန်းပွင့်လေးတွေ ဒါကို မကြားသင့်ဘူးနော်"

"တိအောင်းတံဆိပ် အဝတ်‌လျှော် ဆပ်ပြာရည်!"

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now