[သူသည် ဆူးများကိုနင်းဖြတ်ကာ ရှင်ခြင်းနဲ့သေခြင်းကို တွေ့ကြုံခဲ့ရပြီး နောက်ဆုံးတွင် ဆူးငြောင့်ခလုတ်များနှင့် ခုခံကာကွယ်မှုများကို ပယ်ရှားလျက် ကျန်ရှိနေသေးသည့် နူးညံ့မှုအနည်းငယ်ကို သူ့ကိုယ်သူ ပြန်လည်ပေးအပ်ခဲ့လေသည်။]
°°°°°°°°°°°°°°
ရိချန်းလျန် က တခြားသူများထံမှ ပူးပေါင်းကြံစည်မှုကို ခံခဲ့ရကာ သေဆုံးသွားခဲ့ရပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်မှာရှိသည့် တခြားကောင်လေးတစ်ယောက်၏ ကိုယ်ထဲ ရောက်သွားခဲ့၏။
နှစ်နှစ်ဆယ်မတိုင်ခင်က ရိချန်းလျန်ဟာ အသက်ဆယ့်ငါးနှစ်သာရှိသေးပြီး ပုန်ကန်ထကြွတတ်ကာ တစ်ကမ္ဘာလုံးကပဲ သူ့ကိုအကြွေးတင်နေသည့်နှယ် ထင်မှတ်ခဲ့ပေသည်။
ပူပြင်းသောနွေရာသီ နေ့လည်ခင်းတစ်ခုတွင် မှောင်မဲသောလမ်းကြားလေးတစ်ခု၌ ရိချန်းလျန်သည် ခွေးသေတစ်ကောင်လိုအရိုက်ခံထားရပြီး မြေပြင်ပေါ်လဲနေသည့် သူ့ကိုယ်သူကြည့်ကာ သက်ပြင်းချလိုက်တော့၏။
ဘယ်သူမှ မင်းကို မချစ်ခဲ့လို့…. ငါကပဲ ချစ်ပေးပါ့မယ်။
မင်းကို ဘယ်တုန်းကမှ မချစ်မိခဲ့လို့….ခု ပြန်လာပြီး ချစ်ပေးပါ့မယ်။
မင်းနဲ့ဆုံတွေ့ရတာ အချိန်မီလေးပါပဲ။
တစ်ကြောင်းတည်းဖြင့် အကျဥ်းချုပ်ရသော် “ငါက ငါ့ကိုယ်ငါ ချစ်မိသွားခဲ့တယ် ”
နောက်ထပ် Selfcest တစ်ပုဒ်လေးကို မိတ်ဆက်ပေးလိုက်ပါပြီ။
ဒီအချစ်ကြောင့်ရူးဆိုတဲ့ [Turns out I am crazy] ကို သဘောကျရင် ဒါလေးကိုလဲ မြည်းစမ်းကြည့်ဖို့ အကြံပေးပါရစေ။
ဒါပေမဲ့ ဒါလေးက ဒီအချစ်ကြောင့်ရူးထဲက ချန်ချန်းချင်းက သူ့ကိုယ်သူ စိတ်ရောလူပါ ထိခိုက်ဒဏ်ရာရအောင်လုပ်မဲ့ဟာမျိုး မဟုတ်ဘဲ သူ့ကိုယ်သူပြုပြင်ပေးပြီး ချစ်တတ်လာအောင် လုပ်ပေးမဲ့ဟာလေးပေါ့။
မကြာခင် အပိုင်းသစ်နဲ့ ပြန်လာခဲ့ပါမယ်။
YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus