Chapter 16

178 36 1
                                    

မကောင်းသော

ရိချန်းလျန်တွင် အဝတ်အစားစုစုပေါင်း နှစ်ထည် သုံးထည်လောက်သာရှိသည်။  သူဝတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီဆိုလျှင် အဝါရောင်အနည်းငယ်တောင် သန်းနေခဲ့ပြီဖြစ်ကာ ဤထပ်ပိုသန့်အောင် လျှော်မရနိုင်တော့ပါချေ။ ကော်လာအပေါ်တွင်လည်း အပေါက်သေးသေးလေးများ အနည်းငယ်ရှိနေလိုက်သေး၏။ သူက ဤအင်္ကျီကို အိမ်မှာနေရင်းသာ ဝတ်လေ့ရှိပေမဲ့ ယခု ယွင်ဖန်းကမ်းပေးလာတော့လည်း ဝတ်လိုက်သည်ပင်။

သို့ပေမဲ့အခု ယွင်ဖန်း၏ကိုယ်ပေါ်ရှိ သန့်ရှင်းကာ အသစ်စက်စက် ‌အပြာဖျော့ဖျော့ အင်္ကျီကိုကြည့်လိုက်ချိန်၌ ရုတ်တရက် မဖော်ပြနိုင်သည့် အနည်းငယ်သောရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

"မင်းဘယ်မှာ သွားစားချင်တာလဲ?"

ရိချန်းလျန်က သူ့အကြည့်အား သိမ်မွှေ့စွာ ရှောင်ထွက်သွား၏။

"ဝူဖုလမ်းပေါ်မှာ အသားကင်ဆိုင်တွေရှိတယ်။ အဲ့ကိုပဲသွားကြစို့"

ယွင်ဖန်းက ရေနည်းနည်းဆာနေခဲ့သည်မို့ ရေတစ်ခွက်ခပ်၍ ရေသောက်ဖို့ ဟန်ပြင်လိုက်သည်။

"ဟေး-"

ရိချန်းလျန်က ဖန်ခွက်ကို လက်ညှိုးထိုးပြလျက်

"အဲ့ဒါ ငါရေသောက်တဲ့ခွက်"

"ရပါတယ်။ ငါစိတ်ထဲမထားဘူး"

ယွင်ဖန်းက ရေ ခွက်တစ်ဝက်ကျော်လောက်သောက်လိုက်ပြီးမှ ရိချန်းလျန် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်မို့ သူသည်လည်း ရေဆာနေသည်အမှတ်ဖြင့်

"ရေသောက်ချင်လို့လား?"

ရိချန်းလျန်မှာ‌သူကြောင့် ဒေါသထွက်မိလုနီးပါးပင်။

"အဲ့ဒါကို ငါ မဆေးရသေးဘူး"

"ရပါတယ်။ကြည့်ရတာ သန့်နေတဲ့ပုံ-"

ယွင်ဖန်းက ဖန်ခွက်ကို အနီးကပ် ခေါင်းငုံ့ကြည့်လိုက်၏။ ဤ ဖောက်ထွင်း မြင်ရသင့်သည့် ဖန်ခွက်ကသိပ်ပြီး ဖောက်ထွင်းမမြင်ရနိုင်တော့သည်ကိုသာ တွေ့လိုက်ရသည်မို့ မသင်္ကာစွာ သူမေးလိုက်သည်။

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now