Chapter 3

499 78 3
                                    

အပြာနှင့်အဖြူ‌ရောသည့် နွေရာသီကျောင်းဝတ်စုံဝတ်ထား‌သော ချောမောသည့်လူငယ်လေး၏ မျက်နှာထက်ဝယ် စိတ်မရှည်သောအကြည့်နှင့် ညည်းခံနိုင်စိတ်မရှိခြင်းများအပြည့် ရေးထားလေ၏။ သူ့မျက်လုံးများက ခက်ထန်နေကာ အေးစက်စက်ဖြင့်

"လမ်းကိုကြည့်ပြီး မသွားတတ်ဘူးလား?"

"လူကိုအရင်ဝင်တိုက်တာက မင်းဆိုတာ အရှင်းသားကြီးကို!"

ဝူဟယ်က ချက်ချင်းဆိုသလို စိတ်ဆိုးသွားခဲ့ပေမဲ့ သူ့ဘေးမှာရပ်နေသည့် ကျန်းဟိုင်ဇဲထံမှ တားမြစ်ခံလိုက်ရသည်။

ယွင်ဖန်းက စိတ်ထဲ ထူးဆန်းသော ခံစားချက်နှင့်အတူ သူ့ရှေ့ရှိ ရိချန်းလျန်ကိုကြည့်လိုက်သည်။

ဆိုတော့ ဒါက သူ့ကို တခြားသူတွေ မြင်တဲ့ အမြင်ပေါ့လေ။

"မင်းက ဘာကြည့်တာလဲ!"

ရိချန်းလျန်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်လာသည်။

ယွင်ဖန်း အကြည့်လွှဲကာ ရှောင်ထွက်သွားလိုက်ပြီး ရန်ဖြစ်ရန် ထက်သန်နေသည့် ဝူဟယ်ကိုပါသူနှင့်အတူ ဆွဲခေါ်သွားလိုက်သည်။

"ဘယ်လို ငတုံးကောင်မျိုးလဲ၊ စောက်ရူးကောင်ပဲ ဟုတ်တယ်မလား?"

ဝူဟယ်ကအတော်လေး စိတ်တိုနေကာ သူ့ဒေါသကို ယွင်ဖန်းဘက်ကို လှည့်လိုက်၏။

"သူက လူတွေကို ဒီလို အနိုင်ကျင့်နေတာကို မင်းက သည်းခံနိုင်သေးတယ်ပေါ့?"

ယွင်ဖန်း၏ နှုတ်ခမ်းထောင့်က တွန့်သွားရသည်။ အတိတ်က သူ့အား တစ်ယောက်ယောက်က ဤသို့ ကဲ့ရဲ့လာခြင်းကို ကြားရခြင်းက သူအမှန်တကယ်ကို သင့်လျှော်သည်ဟု ခံစားရလေသည်။

"တော်ပြီ၊ ဝူဟယ်"

လီချန်းက အသံတိုးတိုးဖြင့်၊

"အဲ့ဒီကောင်က အတန်း တစ်ဆယ်က ရိချန်းလျန်"

ခုလေးတင် ဒေါသအပြည့်ဖြစ်နေခဲ့သည့် ဝူဟယ်က ချက်ချင်း နောက်ဆုတ်သွားလေ၏။

"အာ"

ထို့နောက်သူက ထပ်ပြီး ဒေါသထွက်လာပြန်ကာ

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now