pageတစ်ခုက 2023မှာ ရေးထားတဲ့ reviewလေးကို gpထဲက တစ်ယောက် ရှဲထားတာမြင်လို့ အားလုံးလဲ သိအောင် မျှဝေပေးလိုက်ပါတယ်နော်။ အကုန်လုံးလဲ reviewသိပြီးရင် ပိုပြီးစိတ်ဝင်တစား ဖြစ်လာအောင်ပေါ့။
°°°°°°°°°°°°
Title : 恰逢其时 / At the Right Time (MTLese)
Author : 归鸿落雪 / Gui Hong Luo Xue
Status in COO : 110 Chapters + 19 Extras (Completed)
"မင်း ဘာဆုတောင်းခဲ့တာလဲ?"
"ရှောင်ယိ ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်းလေး နေနိုင်သွားဖို့ မျှော်လင့်ပါတယ်"
"မင်းရော... ဘာဆုတောင်းခဲ့တာလဲ?"
"အရွယ်ရောက်ပြီးနောက်ပိုင်းလည်း ငါ့အနားမှာ တစ်လျှောက်လုံး အဖော်ပြုသွားမဲ့ သာ့ယိ ရှိနေပေးဖို့ မျှော်လင့်ပါတယ်"
Tags : Rebirth, Selfcest, School life, Drama, Tragic Past, HuGong ပါ။ Selfcest ကိုမှ နှစ်ဖက်လုံးက သိရင်းချစ်သွားကြတာဆိုတော့ pure selfcest ပါ XD
ဝတ္ထုအကျဥ်းချုပ်လေးပြောပြရရင် အသက် ၃၅ နှစ်အရွယ် ယိချန်လျန်က ယွင်ဖန်းဆိုတဲ့ ၁၅နှစ်သား ကောင်လေး ခန္ဓာကိုယ်မှာ ပြန်လည်မွေးဖွားလာရာက စတာပေါ့။ ယိချန်လျန်ရဲ့ ဘဝက မွေးကတည်းက မိဘစွန့်ပစ်တာခံလိုက်ရပြီး မွေးစားမိဘအဆုံး၊ တကယ့်ကို ကံကောင်းတယ်ဆိုတာ ဘာမှမရှိဘဲ တော်တော်ကံဆိုးတယ်လို့ ပြောရမယ်။ ငရဲတွင်းထဲကို သူ ၁၅ နှစ်သား အရွယ်မှာ မတော်တဆ လူသတ်မှုကျူးလွန်မိရာကနေ အဆုံးမရှိတဲ့ အမှောင်ထုဆီ နစ်ပြီးရင်းနစ်သွားရတာမျိုး။
သူ ယွင်ဖန်းဖြစ်လာတော့ လက်ရှိကမ္ဘာက ၁၅ နှစ်သားအရွယ် ယိချန်လျန်ကို သွားရှာပြီး လူသတ်မှုကျူးလွန်တာကို တားမြစ်တာမျိုးလုပ်ဖို့ လုံးဝ စိတ်ကူးမရှိဘူး။ သူက ယွင်ဖန်းအဖြစ် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်၊ ယိချန်လျန်လည်း သူ့လိုပဲ ကံကြမ္မာ စီရင်တဲ့အတိုင်းဆိုပြီး အေးအေးလူလူပဲ။ ဒါပေမဲ့လည်း အဲ့နေ့ရောက်တော့ သူမနေနိုင်ခဲ့ပါဘူး၊ အပြေးသွားပြီး ဓားကို လက်ဗလာနဲ့ ဖမ်းဆုပ်ကိုင်လိုက်တဲ့အချိန်ကနေစပြီး သူ့ငယ်ဘဝ ၁၅နှစ်သားအရွယ်က သူဖြတ်သန်းခဲ့ရတဲ့လမ်းကြောင်းကနေ ကွဲထွက်သွားခဲ့တာပေါ့။
YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus