Chapter 9

510 100 5
                                    

လပတ် စာမေးပွဲ

ယွင်ဖန်းသည်  သူတော့ ရူပဗေဒမေးခွန်းစာရွက်ကို လုပ်လို့ မပြီးနိုင်လောက်တော့ဟု ခံစားလိုက်ရသည်။

သူ‌က နေ့လည်က ဖြစ်ခဲ့သည်တို့ကို ပြန်တွေးကြည့်လိုက်ပြီး ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်လိုက်တော့  စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်ကို နားလည်သွားခဲ့သည်။ တစ်ဖက်လူက ရိချန်းလျန် ဖြစ်နေလျှင်တောင် သူတောင်းပန်သင့်သည်ပင်။

ထို့ကြောင့် ယွင်ဖန်းက မေးခွန်းစာရွက်များကို ဘေးဖယ်လိုက်ပြီး ကားစောင့်သည့် ခုံမှ ထရပ်လိုက်လိုက်ကာ ရိချန်းလျန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ရိချန်းလျန်မှာ သတိတကြီးဖြင့် နောက်ဆုတ်သွား၏။

ယွင်ဖန်းက လေသံကို တမင် ပျော့လိုက်ပြီး

"စောစောက မင်းကို အော်ခဲ့မိတာ ငါမှားသွားတယ်"

ရိချန်းလျန်က အေးစက်စက်သရော်လိုက်ပြီးနောက် သူ့ကို အပေါ်အောက် စုံဆန်ကြည့်ကာ တစ်ခုခုပြောချင်ဟန်ပေါက်နေပေမဲ့ တွန့်ဆုတ်နေလေ၏။

ယွင်ဖန်းသည် ဤကလေးက ချော့ရလွယ်လောက်ပါသည်ဟု တွေးလိုက်သည်။ မတိုင်ခင်က တီ‌ဗွီထဲမှာ မြင်ခဲ့ဖူးသော အဖေနှင့်သားကြား တုန့်ပြန်မှုကို သူပြန်တွေးကြည့်လိုက်ပြီးနောက် လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"မင်းရဲ့ လည်ပင်းမှာ အညိုအမဲရာကိုမြင်လိုက်တော့ မင်းနောက်ကျောက ဒဏ်ရာကို စစ်ကြည့်ချင်သွားတာမို့ မင်းကို ထိလိုက်မိတာပါ။ ထပ်မဖြစ်စေရဘူး"

ရိချန်းလျန်က နှာဘူးတစ်ယောက်ကို ကြည့်သည့်အကြည့်မျိုးဖြင့် သူ့ကိုကြည့်လာကာ

"‌မင်းက နောက်တစ်ခေါက် ထပ်လုပ်ချင်နေသေးတယ်ပေါ့?"

ယွင်ဖန်းမှာ သူ့၏ တုန့်ပြန်မှုကြောင့် ကြောင်အမ်းသွားရကာ ညင်ညင်သာသာအပြုံးတစ်ပွင့်ကို အတင်းဆွဲဆန့်ပြုံးပြလိုက်ရသည်။

"မင်း ရန်မဖြစ်သရွေ့ပေါ့"

ရိချန်းလျန်က တစ်ဖက်လူ၏ လှောင်ပြောင်သလို အမူအယာအားကြည့်ကာ တိုက်ရိုက် ဆွဲထိုးမိတော့မလိုပင်။ သို့ပေမဲ့ အဆုံးမှာတော့ သူက တစ်ဖက်လူ၏ ခွန်အားကို သတိရကာ ထိန်းထားလိုက်ရသည်။ 

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now