အတွေးနွံနှစ်စွာဖြင့် ပြတင်းပေါက်ဘေးမတ်တပ်ရပ်ကာဖြင့် ရှေ့ကအရာများကို မှင်သေသေစိုက်ကြည့်နေသော တိမ်ယံသည် ဖုန်းအသံကြောင့် မျက်လုံးများပြန် အသက်ဝင်လာကာ မျက်တောင်တစ်ချက်နှစ်ချက်ခက်၍ သူ့ဘေးတွင်တင်ထားသော ဖုန်းထံငုံ့ကြည့်လိုက်သည်။
ဝင်ကြည့်တာမဟုတ်ပင်မဲ့ ဖုန်းပေါ်က ပေါ်နေသော စာများကို မြင်နေရသည်။
//စိတ်အေးသွားရင် ကိုယ်နဲ့စကားပြောရအောင် ကိုယ်အလုပ်ခန်းထဲမှာ မင်းစကားပြောချင်တဲ့ အချိန် စာလှမ်းပို့လိုက် ကိုယ်လာခဲ့မယ်//
ယင်းစာကို သူနည်းငယ်မျှစိုက်ကြည့်နေစဉ် ဖုန်းက အလိုလိုပိတ်ကျသွားသည်။
သူ့ဖြေးညှင်စွာ သက်ပြင်းချကာ အစ်ကိုသူကိုရှင်းပြသည် အချိန်ကို ပြန်လည်းတွေးမိသွားသည်။
"ကိုယ် သားကို သူအဖိုးဆီခေါ်သွားတာ။ဘယ်ကအဖိုးလည်းဆိုတော့ ဦးအောင်မျိုးဆီခေါ်သွားပေးတာ"
သူရိန်လက်ကနေ တိမ်ယံရုန်းထွက်၍ ဒေါသသံဖြင့် ပြောလိုက်သည်။
"ဘာကြောင့် ခေါ်သွားတာလဲ!... သူကို ကျတော်အသိမပေးပဲ! ကျတော်တို့ရဲ့သားကို တွေ့ခွင့်ပြုရတာလည်း!။သူ့ဘာတွေကြံနေလည်း ကျတော်တို့သိရတာမဟုတ်ဘူး!!။သူ့က ကျတော်ကို မုန်းနေတဲ့သူ!! ကျတော်ဖြစ်တည်မှုက သူ့ဘဝအတွက် ရှက်ဖို့ကောင်တဲ့ အမှိုက်လို့ မြင်နေတာ! ကျတော်သားကို သူတစ်ခုခုလုပ်လိုက်မှာ ခင်ဗျားမစိုးရမ်ဘူးလား!"
သူရိန်သည် ဒေါသကြောင့်မျက်ရည်များ စီကျနေသည် တိမ်ယံကိုတွေ့တော့ သူ့ဆုံးဖြတ်ချက်တို့ မှားယွင်းသွားသလို ခံစားလိုက်ရသည်။သူ့ တိမ်ယံလက်ကိုဆွဲကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ဒေါသကြောင့် အနည်းငယ်ရုန်းနေသေးသော ကိုယ်လေးကို တင်းနေအောင်ဖတ်ထားကာ
"ဟေ့! တိမ်ယံ စိတ်လျော့ပါအုံး ကွာ"
"သူ့ကြောင့်!! ကျတော်ဘယ်လိုတွေ ကြုံတွေ့ရလည်း ခင်ဗျားသိလား!"
"ကိုယ်သိပါတယ်"
"ခင်ဗျား မသိပါဘူး!။ ခင်ဗျား နားမလည်းပါဘူး၊ကျတော်က မိဘရှိရက်နဲ့ မိဘက်မဲ့ ဘဝနဲ့နေလာရတာ! ကျတော် ကိုသိမ်ငယ်တက်အောင် သူ့ပဲလုပ်ခဲ့တာ ဒါကိုခင်ဗျား သိရဲ့လား"
YOU ARE READING
ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]
Romanceဒီ fic သည် Uke က မိန်းကလေးလို့ဝတ်စားနေထိုင်သလို ရေးမှဖြစ်၍ မကြိုက်သူများ ရှောင်ကွင်းသွားကြပါ။ ဒီထဲပါသော အကြောင်းအရာများက စိတ်ကူးယဉ်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီစိတ်ကူးထားတဲ့ fic လေးကို 🌈နှစ်သစ်မှာ စိတ်ကူးသစ်လေးနဲ့ ဖန်တီးချင်သာ။❤️🕊️ Kay✍️