Part [48]🌺

128 23 1
                                    

ဆိုင်၌ရှိနေသော တိမ်ယံသည် ဖုန်းကြည့်နေစဉ် သားကိုသတိပြန်ရသွားသည်။ထိုနောက် သူ ဆိုင်ရှေ့သို့ထွက်သွားလိုက်တယ်။

ဆိုင်တွင် ဝယ်သူပါးတာကြောင့် ဒေါ်ရွှေခင်နှင့်မသူဇာတို့က လက်ဖက်သုတ်ပန်ကန်လေးရှေ့ချထိုင်နေကာ ရောက်တက်ရာရာစကားများကို ဆိုနေ၏။တိမ်ယံ ဒေါ်ရွှေခင်တို့ဆီရောက်လာပြီး

"အမေ သားပြန်မလားသေးဘူးလား"

ဒေါ်ရွှေခင်က မသူဇာနှင့်စကားပြောနေရင်း တိမ်ယံအမေးကြောင့် တိမ်ယံလှမ်းကြည့်ကာ

"အေး မရောက်သေးဘူး"

"အရင်ဆို သားကဖြူလေတို့ဆီ ခဏနေပြီး မနေလို့ ပြန်ပို့နေကြ အခုတော့နေပုံပဲ"

သားက အမြဲဖြူလေးတို့လာခေါ်ရင် ကြည့်ဖြူစွာလိုက်သွားတက်ပင်မယ်...နာရီကွက်နေလို့ အမေနှင့်တိမ်ယံဖြစ်ဖြစ်၊အစ်ကိုဖြစ်ဖြစ်မတွေ့မိတာ ကြာရင်မနေတော့ကာ ငိုတက်၍ ဖြူလေးတို့က ပြန်လာပို့တက်သည်။အခုတော့ အရင်နေ့များထပ်ပင် ကြာနေ၏။

ဒေါ်ရွှေခင်အပြန်ဘက် ကြည့်လိုက်ပြီး

"ဒီကလေးက ကြီးလာပြီလေး၊အပြန်ထွက်ရတာ ပျော်စရာကြောင်းမှန်း သိလာပြီ၊ဒါကြောင့် မငိုတော့တာလား မသိပါဘူး တော်"

တိမ်ယံလည်း အမေပြောတာကို သံသယမရှိစွာ သဘောတူလိုက်သည်။သားဂျီကျရင် ဖြူလေးတို့က ပြန်ပို့နေကြမို့ အခုတော့ဂျီကျမနေတာမို့ ထင်ပါရဲ့...

တိမ်ယံလည်း အမေပြောတာ ထောက်ခံ၍ သူအခန်းသူပြန်သွားလိုက်သည်။

....

သူရိန် သားကိုချီကာ ခြံထဲလျှောက်ပြနေတော့ ငိုချင်နေသည် ဘုန်းခန့်လေးက မငိုတော့ပဲ သူရိန်ပြနေသည် အပင်လေးများကို မျက်လုံးဝိုင်းလေးနှင့်လိုက်ကြည့်နေသည်။သူ၏လက်ကလည်း သူရိန်လက်ပင်းနားက အင်္ကျီစလေးကို ကျစ်ကျစ်ကလေးဆုတ်ကိုင်ထားသည်။

သူတို့နှင့်မလှမ်းမကမ်းတွင် ဦးအောင်မျိုးကရပ်နေကာ မြေးဖြစ်သူကိုချီရဖို့အရေး မျှော်လင့်စောင့်စားနေ၏။ထိုအချိန် လပြည့်လေးက ဦးအောင်မျိုးအနားလာကာ ‌နွားနို့တစ်ခွက် လာပေးသည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL Ongoing]Donde viven las historias. Descúbrelo ahora