-Unicode-
တေးသံမြူးမြူးတွေ ကချေသည်တို့ရဲ့ကကြိုးတွေနဲ့ ခမ်းနားလွန်းတဲ့အဆောင်အယောင်ပြင်ဆင်မှုတွေကြား မင်္ဂလာကျင်းပမည့်ဌာနသည် ကြီးကျယ်လွန်းတာထက်ပိုလှသည်။ သားသားနားနားဝတ်စားထားကြတဲ့ အမတ်တွေရဲ့အပြုံးသည် ထင်ထင်ပေါ်ပေါ်တွေ။ တစ်တိုင်းပြည်လုံး ရင်တခုန်ခုန်စောင့်စားခဲ့ရတဲ့ ဧကရာဇ်ရဲ့လက်ထပ်ပွဲနေ့ဖြစ်လို့ အရာရာဟာတကယ်လှနေသည်။
ပြင်ပကလက်ထပ်ပွဲသည် သူနဲ့လားလားမှမသက်ဆိုင်သလိုဧကရာဇ်သည် ခပ်အုပ်အုပ်သစ်ပင်ကြီးတွေကြီးစိုးထားတဲ့ စာကြည့်ဆောင်ထဲ ကပိုကရိုနဲ့ငြိမ်သက်နေဆဲ။ ပြတင်းပေါက်ဘောင်ပေါ် ရမ်းရမ်းကားကားတွေထိုင်နေရင်း လက်ချောင်းသွယ်သွယ်တွေကြားထဲမှာ ဂျောင်ဟိုဆော့ဖော်စပ်ထားတဲ့ အဆိပ်ပုလင်းကအသင့်။ ခပ်အေးအေးမျက်အိမ်တွေက မလှမ်းမကမ်းရှိ စားပွဲပေါ်ကဝတ်ရုံတွေကို စိတ်ပျက်စွာကြည့်နေသည်။ စာကြည့်ဆောင်ထဲအထိ လာပြင်ဆင်ပေးကြတဲ့အစေခံတွေကို အော်ငေါက်ထုတ်လိုက်တဲ့အခါ ထိုဝတ်ရုံတွေကိုသာ အကြောက်ကြောက်အရွံ့ရွံ့တွေချပေးသွားကြခြင်း။ ဝတ်သူမဲ့ သတို့သားဝတ်ရုံသည် ထိုစားပွဲထက် အထီးကျန်စွာ အေးစက်နေခဲ့သည်။
"ဧကရာဇ်မင်းတစ်ပါးအနေနဲ့ ယောက်ျားသားဖြစ်တဲ့ငါ့အပေါ် ခံစားချက်တွေထားလို့မရဘူး.."
"ခံစားချက်အလုံးစုံကို မိန်းကလေးတစ်ယောက်အပေါ်ထားပစ်လိုက်ဖို့ မင်းမှာကြင်ရာတော်ရှိဖို့လိုတယ်။ ပြည့်စုံတဲ့မိန်းကလေး သိပ်လှတဲ့မိန်းကလေး အရည်အချင်းပြည့်ဝတဲ့မိန်းကလေး မင်းနဲ့လိုက်ဖက်နေမဲ့မိန်းကလေးကို မိဖုရားတင်မြှောက်လိုက်ပါ.."
"ခံစားချက်ပေးပစ်လို့မရဘူးလို့ အတပ်မဆိုနိုင်ဘူးလေ။ အနေနီးတာကြာရင် သူမအပေါ်ဖြစ်တည်သွားမှာဘဲ..ဒါ လောကဓမ္မတာဘဲထယ်ယောင်း"
"မင်းမှာမိဖုရားရှိစေချင်နေတာ"
"တွန့်တိုစရာအကြောင်းမှမရှိတာ မင်းအိမ်ထောင်လေးနဲ့မင်း အဆင်ပြေနေမှာကိုဘဲ ကြိုဝမ်းသာမိတယ်"
လေအေးတစ်ချက်အဝေ့မှာ ကြားလာရတဲ့ခပ်အေးအေးအသံလှိုင်းတွေသည် အထပ်အထပ်တွေဖြစ်ပြီး ရက်ရက်ရောရောတွန်းထုတ်နေသံက နှလုံးတွေမွန်းကြပ်လာစေပြီး စိတ်နဲ့ဦးနှောက်သည် ထုံထိုင်းလေးထန်လွန်းလာသည်။ အသံတွေမကြားရစေဖို့ နားတွေကိုအုပ်ပစ်ရင်း နံရံထောင့်ပြေးကပ်ကာ ခေါင်းမထောင်နိုင်အောင်အထိ ငုံ့ချလိုက်ရတဲ့ဝေသနာသည် ပြင်းပြင်းထန်ထန်။ အသိစိတ်ကိုထိန်းချုပ်ပြီး အသိပျောက်တဲ့မိစ္ဆာစိတ်တွေနဲ့အကြိမ်ကြိမ်လွန်ဆွဲနေရတာတွေကို ပင်ပန်းလွန်းလာနေတဲ့အခါ လွှတ်ချပေးလိုက်ပြီ..ဖြစ်ချင်ရာတွေဖြစ်ပါစေတော့။ အသိပျောက်ပြီး နာကျင်မှုမဲ့လိုက်တော့မည်။ ဂျွန်က မလိုချင်တော့ကြောင်းအသိတွေ တစ်စတစ်စဝေဝါးလာခဲ့ပြီး..
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook