-Unicode-
"ဒီမှာစောင့်နေတာအချိန်တွေကြာနေပြီ။
ဘယ်အချိန်မှ ကျွန်တော်နဲ့အတူမြို့တော်ကိုဝင်မှာလဲ""ရှီအန်းနယ်စားရဲ့မြေးက စိတ်မရှည်တတ်ဘူးဘဲ"
"ဧကရာဇ်အခြေအနေက ကျိန်စာဖယ်မှဖြစ်တော့မှာမို့ ကျွန်တော်လောရမှာဘဲ နတ်ဆရာမဆုန်းမီ"
မြို့တော်တစ်ခုလုံးကို အပေါ်စီးကနေ ခြုံကြည့်နိုင်သော
မြို့တော်အပြင်ဘက်က လေတဖြူးဖြူးတိုက်ခတ်နေတဲ့ တောင်ကုန်းပေါ် ရှီအန်းနယ်စားမင်းရဲ့တစ်ဦးတည်းဖြစ်သောမြေး ပတ်ခ်ဂျီမင်နှင့်
နှုတ်ခမ်းနက်နက်ဖြင့် လူအရိုးခေါင်းအသေးလေးတွေသဏ္ဌာန်ပါသော ဆံထိုးကိုဆံနွယ်တွေကြားထိုးထားသော နတ်ဆရာမ။ပန်းရောင်ဖျော့ဖျော့ဖြင့် နူးညံ့နေသော သခင်လေးပတ်ခ်နဲ့
အနက်ရောင်တွေဖြင့် ဖုံးလွှမ်းနေသော နတ်ဆရာမတို့သည် ဆန့်ကျင်ဘက်။
ဒီနတ်ဆရာမရဲ့အသွင်အပြင်ကြောင့် သူမကိုသိထားပြီးသားဖြစ်လောက်ကြမှာပါ။ရှီအန်းနယ်စားရဲ့မြေးအဖြစ်တစ်ဖြစ်လည်း စစ်အာဏာထိန်းသိမ်းသူသစ္စာခံတစ်ယောက်အဖြစ် ပတ်ခ်ဂျီမင်သည်ထိုသို့။
နူးညံ့တဲ့မျက်နှာထား သိမ်မွေ့တဲ့အပြုအမူတွေနဲ့ နှုတ်ခမ်းဖူးဖူးပိုင်ရှင် ချောမောတာထက်လှရက်ခြင်းဆီ ဦးတည်နေသော သခင်လေးပတ်ခ်သည် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ရှီအန်းစစ်တပ်ရဲ့အာဏာကို ထိန်းချုပ်ထားနိုင်ကြောင်းတွေ ပြောရင် မလိုက်မဖက်တွေမို့ ထူးဆန်းလိမ့်မည်။ဦးရီးတော်အင်အားသုံးပြီး
ရှီအန်းအထိ စစ်တပ်အာဏာအမိန့်ပြားကို လာယူခဲ့ပေမဲ့ အတုသာရသွားခြင်းတွေနဲ့ စစ်တပ်အာဏာအမိန့်ပြားအစစ်သည် ကင်မ်ထယ်ယောင်းလက်ထဲ ရောက်သွားခြင်းတွေအစချီပြီး ပတ်ခ်သခင်လေးက အဝေးကနေပြီး အကွက်စေ့စွာ ဧကရာဇ်အတွက်တာဝန်ကျေပွန်ဖူးသည်။
ထပ်ပြီး ထမ်းဆောင်နေရတဲ့တာဝန်သည် ရှီအန်းကနေထွက်ခွာလာပြီး ဒီနတ်ဆရာမကို နန်းတွင်းခေါ်သွားဖို့သာ။"ကျွန်မကိုလာတွေ့မဲ့သူကို တွေ့ပြီးရင် ကျွန်မရှင်နဲ့နန်းတွင်းကိုလိုက်ခဲ့မှာပါသခင်လေးပတ်ခ်"
YOU ARE READING
နာမ်
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook