EP - 23

235 46 9
                                    

-Unicode-

စွဲလမ်းခဲ့သည်။ ရူးသွပ်ခဲ့သည်။
မျှော်လင့်ခဲ့သည် ပျက်ဆီးခဲ့ရသည်။ ယုံကြည်ခဲ့သည် ရိုက်ချိုးခဲ့ရသည်။ နာကျင်ခဲ့သည်။ ထုံထိုင်းလွန်းခဲ့သည်။ လွန်ဆွဲခဲ့ရသည်။ ပင်ပန်းခဲ့ရပြီ။

ဒေါသကြောင့် အသိစိတ်လွတ်ပြီး ခင်ဗျားကိုထိခိုက်ရမယ်ဆိုရင် ကျွန်တော်စိတ်ကိုထိန်းချုပ်ပါ့မယ် လို့ရေရွတ်ခဲ့ဖူးတာတွေသည် မုသားတွေမဟုတ်ခဲ့ကြောင်းတွေသိစေချင်သည်။
စိတ်ရိုင်းတွေဝင်ချင်လာတိုင်း အသိစိတ်ကိုဆွဲချုပ်ထားပြီး ပြင်းပြင်းထန်ထန်လွန်ဆွဲနေခဲ့တာတွေသည် သူ့သက်ရှိကိုမေ့ပြီး ထိခိုက်လိုက်စေမှာစိုးလို့။

ဆိုးယုတ်တဲ့မိစ္ဆာအသွင်ကို သူလေးကမနှစ်မြို့တဲ့အခါ
ဒေါသနဲ့နာကျင်မှုကြောင့်မိစ္ဆာစိတ်တွေတိုးဝင်မရအောင် အသိကိုထိန်းရင်း စိတ်အချင်းချင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ပစ်ခဲ့ရတာတွေသည် ပုံပြင်မခဲ့ဘူးလေ။
ဂျွန်ဂျောင်ဂုမလိမ္မာတဲ့အခါ ကင်မ်ထယ်ယောင်းအစွန်းရောက်ဖို့အချိန်ပြီ..အကြိမ်ကြိမ်အော်ဟစ်ခဲ့သမျှ အစွန်းမရောက်ရဲတဲ့ စိတ်တွေသည် လိမ်ညာဖုံးကွယ်ထားလို့မှမရဘဲ။

အခုက တကယ်ကိုခံနိုင်ရည်မရှိတော့လို့ပါ...
အဖက်ဖက်ကထိုးနှက်ဒဏ်တွေ နာကျင်ဒဏ်တွေ ဆွဲထားရလွန်းလို့စုတ်ပြတ်ခြင်းတွေ နှလုံးရဲ့မွန်းကြပ်မှုတွေထွက်ပေါက်မဲ့သွားခဲ့လို့ ခဏလောက်လေးစိတ်ကို အလုံးစုံအလွှတ်ပေးခဲ့လိုက်တာ။
တန်ဖိုးထားသမျှ မြတ်နိုးသမျှ
ခစားသမျှ အလေးထားသမျှ ခံစားချက်ကို ဂျွန်ဂျောင်ဂုကမလိုမလားတွေပြုမူပြခဲ့တဲ့အပြင် စော်ကားရက်လို့ ထိန်းမရတော့ခြင်းတွေအပေါ် ကျွန်တော့်ကိုအပြစ်တွေဆိုရင်လည်း ခံမည်။

မိစ္ဆာက မိစ္ဆာနဲ့မတူတော့အောင်အထိကို
ခံစားချက်အပေါ်စွဲစွဲလမ်းလမ်းတွေရူးသွပ်ရင်း သူလေးနှုတ်ခမ်းကဆိုတဲ့ စကားလုံးလေးတွေအပေါ်ကအစ တနင့်တပိုးတွေအောင့်အီးနေအောင် နာကျင်နေရသည်မို့ ဆိုးယုတ်တဲ့မိစ္ဆာအသွင်ပြောင်းသွားခဲ့ရပါသည်။
အဖြူရောင်အပေါ် အရောင်တွေခြယ်ပစ်ခဲ့သည်။ မထိရက်ခဲ့တဲ့နုနုနယ်နယ်ပန်းတစ်ပွင့်ကို အကြမ်းကြုတ်ဆုံးတွေခြွေချပစ်ခဲ့မိသွားရပါသည်။

နာမ်Where stories live. Discover now