EP - 20

270 49 23
                                    

-Unicode-

ပန်းချီဆေးချက်တွေနဲ့ ပြန်ထိတွေ့ခဲ့သည်။
စုတ်တစ်ချက်ကအစ သေချာလေးစိတ်နစ်ပြီးရေးဆွဲနေခဲ့တဲ့ မျက်ရည်မခြောက်သေးသော မျက်ခမ်းသားရဲရဲတွေဖြင့် ဧကရာဇ်သည် ပုံမှန်လိုစာကြည့်ဆောင်ထဲတွင် ဟုတ်မနေခဲ့ဘဲ ငြိမ်သက်မှုလေးကို ရင်ဝယ်ပွေ့ပိုက်ထားခဲ့ရင်းနဲ့ သူ့အိပ်ဆောင်ထဲ..။

လှရက်ခြင်းတွေကို ပန်းချီဆွဲပြီးသာ သိမ်းထားတော့မည်။
အခုလိုအနားရှိနေဖို့ အနာဂတ်မှာမသေချာလာတဲ့အခါ သွေးစက်စက်ကျတဲ့နှလုံးသားကို ထုတ်ပိုးရင်း စုတ်တံတွေမယိမ်းယိုင်ဖို့သာ ကြိုးစားမည်။
ထပ်မချည်ထားတော့ဘူးလားလို့ မတွေးမိစေနဲ့ ချည်ထားပစ်မှာပါ ဆွဲခေါ်ထားလို့ရနိုင်သရွေ့ သွေးအေးစွာရက်စက်နေဦးမှာဘဲ။ သို့သော် ပြင်းပျတဲ့စိတ်ဆန္ဒတွေနဲ့ ထပ်ထပ်ထွက်ပြေးရင်း ဂျွန်ဂျောင်ဂုက သူ့လက်ထဲကိုပြန်မရောက်လာနိုင်တော့တဲ့အထိ လွတ်ထွက်သွားခဲ့သည်ရှိသော်..ဆိုတာလေးတွေနဲ့ အဆုံးထိတွေးထားကာ အဆုံးထိပြင်ဆင်နေခဲ့ခြင်း။

အဲ့အချိန်ရောက်လာရင် သေပါသွားနိုင်တဲ့အခြေအနေဖြစ်လိမ့်မှာမို့ ခေါင်းတလားပါပြင်ဆင်ထားရမလား ရူးကြောင်ကြောင်အတွေးတွေ ဝင်နေသေးသည်။ ပြောပါတယ် ဂျွန်ဂျောင်ဂုနဲ့ပတ်သက်ရင် ဒီမိစ္ဆာကအဆုံးအဆမဲ့ကြောင်း။

မြင်တွေ့ခဲ့ရတဲ့ကျောပြင်လေးအတိုင်း ပုံရိပ်လေးအတိုင်း ပိတ်ကားပေါ် တစ်ထေရာတည်း တစ်ထပ်တည်းကျတဲ့ဆေးသားတွေနဲ့ ရုပ်လုံးဟာဖူးဖူးကြွကြွလေး။ နံရံပေါ်ပြည့်နက်နေတဲ့ ပန်းချီတွေလို နူးနူးညံ့ညံ့ကလေးဟုတ်မနေဘဲ ဒီတစ်ချပ်သည်တော့ ကွဲထွက်လွန်းစွာ ပြင်းရှနေတာ သေရည်ကောင်းတစ်ခွက်အတိုင်းဘဲ။

"ဘယ်လိုလုပ်မလဲဂျွန်ဂျောင်ဂု..ဝေးလိမ့်မယ်အတွေးတွေ ဝင်လာတိုင်း ခင်ဗျားနဲ့နည်းနည်းလေးတောင် ခွာမနေချင်ဘူး။ ဒီကောင်တံခါးပိတ်ပြီးဘဲ ရူးနေလိုက်ချင်တော့တယ်"

တိုင်းပြည်ပြည့်ရှင်မင်းတစ်ပါးဖြစ်နေတဲ့အခါ ဖြစ်ချင်စိတ်တွေကို လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေရှိမနေခဲ့တော့ဘူး။ အမတ်ဆိုတဲ့ရာထူးအထိကို သွေးအေးအေးသတ်ပစ်ခဲ့ခြင်းကြောင့် ညီလာခံဆိုတာကြီးကိုတက်ပြီး နားကိုဒုက္ခခံရဦးမည်။ မိဖုရားတင်မြှောက်ခိုင်းတဲ့ဖိအားတွေလည်း ခံရဦးမှာမသွေမလွှဲတွေ..နေရာတိုင်းကမွန်းကြပ်မှုတွေနဲ့ပြည့်နေပြီး ဘယ်နေရာကထွက်ပေါက်လည်းတောင် ကျွန်တော်မသိတော့ဘူး။

နာမ်Where stories live. Discover now