EP - 21

298 54 19
                                    

-Unicode-

မိဖုရားအရေးတင်မြှောက်ဖို့ အမတ်တွေဖြောင့်ဖျတိုင်းနားချတိုင်း မသိကျေးကျွန်ပြုခဲ့တဲ့အရှင်သည် စွဲလမ်းမှုလေးကသူ့သဘောလို့ ဆိုတဲ့အခါ နာကျင်ခြင်းများစွာနှင့် လက်ခံလိုက်သည်ကား ထူးဆန်းတယ်လို့ပြောလို့မရ..။ အဲ့ဒီလူသားရဲ့ဆန္ဒဆိုရင် မျက်နှာညှိုးမှာကြောက်လို့ လိုက်ဖြည့်ဆည်းပေးတဲ့ အရှင့်ရဲ့သဘောတရားတွေက အလွတ်ရနေခဲ့ပြီးသားတွေမဟုတ်လေလား။

"ငါအရှင် လက်ဆတ်မယ့်ကိစ္စကို ဆွေးနွေးမယ်"
ဆိုတဲ့ အမိန့်ကို အရှင်ကနာနာကျင်ကျင်တွေမိန့်ချပစ်ခဲ့သည်။

နန်းတက်ပြီး သမားတော်ကို ပထမဆုံးလက်ထပ်ယူမယ် ဆိုတဲ့ကြွေးကြော်ခဲ့တဲ့အသံလေးက တစ်ထောင့်တစ်နေရာကနေ ငိုကြွေးနေရောမယ်။ ဆန္ဒတွေပြည့်မြှောက်သွားတဲ့အမတ်တွေကတော့ မိန်းမပျိုစာရင်းတွေလာထုတ်ပေးတဲ့အခါ တစ်ချက်ပင်မကြည့်ဘဲ ကျရာနေရာကို လက်ညိုးတစ်ချက်ထောက်ပြီး ရွေးချယ်လိုက်တဲ့အရှင်သည် လေးနက်နေဖို့မလိုတဲ့ကိစ္စမို့ ပေါ့ပေါ့လျော့လျော့တွေပဲ။

လက်ဆတ်မဲ့ရက်အတွက် အမျိုးမျိုးလျှောက်တင်ကြတယ်။
ပွဲအတွက်ပြင်ဆင်မှု ဘယ်လိုလုပ်သင့်ကြောင်းလုပ်ချင်ကြောင်းတွေ တတွတ်တွတ်ပြောနေကြတဲ့ အမတ်တွေရဲ့စကားကို နားထင်ကိုလက်ထောက်ရင်းပလ္လင်ပေါ်ကနေ မျက်လုံးမှိတ်ပြီး ခေါင်းငြိမ့်ရုံနဲ့သာတုံ့ပြန်တဲ့အရှင်သည် စိတ်မပါနေကြောင်းတွေ မလွှဲသာလို့ နားထောင်နေရကြောင်းတွေကို သိသိသာသာကိုဖော်ပြနေသည်။

သူတို့သဘောအကျရဆုံးဧကရာဇ်ရဲ့ ပထမဆုံးလက်ဆတ်ပွဲမို့ ပြုံးပျော်နေကြတဲ့ပြည်သူတွေသည် လက်ဆတ်ပွဲအကြောင်း နေရာအနှံ့မှာ တီးတိုးဆိုနေကြဆဲ။ ကြင်ရာတော်လောင်းလျာမိန်းမပျိုလေးအပေါ် အားကျကြောင်းတွေဟာလည်း ညံလျက်။

"နေရာတိုင်းမှာဘဲ သခင်မလေးကိုအားကျကြောင်းတွေဆိုနေကြတာ ဧကရာဇ်ရဲ့ကြင်ယာတော်ဖြစ်လာတော့မဲ့ ငါတို့သခင်မလေးသိပ်ကံကောင်းတာဘဲ"

အစေခံမလေးက အားတက်သရောဆိုတဲ့အခါ ကြေးမုံဝါကျင်ကျင်အရှေ့ ဆံနွယ်ရှည်တွေကို ဖြီးတင်နေတဲ့ မိန်းမလှလေးဟာနှုတ်ခမ်းရဲရဲတွေ ကော့တက်သွားတဲ့အထိပြုံးသည်။

နာမ်Where stories live. Discover now