23

645 129 7
                                    

" ကျွန်တော်ကို ထပ်ပြီး ထပ်ပြီးထားသွားအုံးမှာလား ဟင့် ထပ်ပြီးထားသွားအုံးမှာလား ဟင့် "

" ကလေးငယ် "

Taehyung ဟာ ခုဏတုန်းကတော့ UJay ဖက်ထားတာကိုအတင်းရုန်းနေပေမယ့် ခုချိန်မှာတော့ UJay ရဲ့ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုဖက်လို့ ငိုရင်း အကြိမ် ကြိမ်တောင်းဆိုနေမိသည်..

" ထားမသွားပါနဲ့ ထပ်ပြီးထားမသွားပါနဲ့ ကျွန်တော် နေနိုင်အောင် အကြိမ်ကြိမ်ကြိုးစားပြီးစာတွေလုပ်နေခဲ့တာပါ ဒါပေမယ့် ဒီရင်ဘက်ထဲက သတိရတိုင်းနာကျင်ရတယ် သတိရတိုင်း ဟင့် သေလောက်အောင်နာကျင်တယ် ထားမသွားပါနဲ့ဗျာ  "

" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကလေးငယ် UJay မင်းကိုတောင်းပန်ပါတယ် ကလေးငယ် မတွေ့ချင်ဘူးထင်ပြီး မလာခဲ့တာ UJay အမှားပါ ထားမသွားဖို့မတောင်းဆိုပါနဲ့ကွာ UJay မင်းကိုဘယ်တော့မှမထားခဲ့တော့ပါဘူး ချစ်တယ် အရမ်းချစ်တယ် UJay မင်းကိုအရမ်းချစ်တယ် အရာအားလုံးရင်ဆိုင်ပြီး အကုန်ဖြေရှင်းမယ် ကလေးငယ် "

" ကျွန်တော်လည်း UJay ကိုအရမ်းချစ်တယ် "

UJay ဟာ Taehyung ကိုအိမ်သို့ပြန်လိုက်မပို့ပဲ သူ့အိမ်ကိုသာခေါ်လာခဲ့သည်..ခုဏသူတို့ရောက်နေတဲ့နေရာနဲ့ UJay အိမ်ကနည်းနည်းဝေးတာကြောင့် အပြန်လမ်းမှာ Taehyung ဟာ UJay လက်မောင်းကိုဖက်ကာ မှီထားရင်း အိပ်ပျော်သွားတော့သည်..အိမ်ရောက်တဲ့ထိနိုးမလာတဲ့ Taehyung..အိပ်ရေးပျက်တဲ့ရက်တွေကြောင့် တော်တော်လေးကိုနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့သည်..

အိမ်ရောက်တော့ Taehyung ကိုပွေ့ချီကာ အိမ်ထဲဝင်လာတော့ အိမ်ထဲမှာရှိနေတဲ့ တပည့်တော်တွေအားလုံးဟာ အံ့သြစွာရပ်ကြည့်နေကြသည်.. ပြီးတော့မှ အသိဝင်ကာ အားလုံးအရိုအသေပေးလို့ အိမ်ပြင်ကိုထွက်သွားကြသည်..

သူ့အခန်းထဲဝင်လာကာ အိပ်ယာပေါ်အသာအယာလေးချကာ ခုတင်ဘေး ဆောင့်ကြောင့်ထိုင်လို့ ကုတင်ပေါ်လက်တင်ကာ ခုထိအိပ်ပျော်နေသေးတဲ့ Taehyung ရဲ့မျက်နှာလေးကို အနီးကပ်တဝကြီးငေးကြည့်ကာ မျက်ရည်စီးကြောင်း လေးကို လက်မဖြင့် ဖွဖွလေးပွတ်ပေးပြီး ထိုင်နေရာကနေထကာ နဖူးကိုအနမ်းလေးပေးလို့ အခန်းပြင်ထွက်လာခဲ့သည်..

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

U JayWhere stories live. Discover now