" ကျွန်မကငါးသည်ဖားသည်ဆိုပေမယ့်
ကျွန်မသမီးကကျွန်မရဲ့အဖိုးတန်သမီးပဲလေ
ဒီကလေးမကို ကျွန်မလုံးဝမကျေနပ်ဘူး
ထိရောက်စွာအရေးယူပေးပါ ဆရာမကြီး !! "ကျောင်းအုပ်ဆရာမကြီးရုံးခန်းတွင်လူ၅ယောက်ရှိသော်လည်းမိခင်တစ်ယောက်အသံသာကျယ်လောင်စူးရှနေလေသည် ၊၊
ကျွန်မနဲ့ဟေမန့်အမေကြားတွင်မေခတ္တာခြားနေလေသည် ၊၊
" ဟာ !!
အန်တီသမီးကသူ့သူအဆင့်ကျတာကို
ကျွန်မကိုဘလိုင်းကြီးပြသနာလာရှာတာလေ
အန်တီ့သမီးပဲ အဖိုးတန်မဟုတ်ဘူး
ကျွန်မလည်း ကျွန်မအိမ်မှာအဖိုးတန်သမီးပဲ "ဟေမာန့်အမေ့ကိုမျက်လုံးမျက်စံပြူးနဲ့ရန်တွေ့နေသည့်ကျွန်မပေါင်ကိုကုတ်ကာမေခတ္တာကတားနေလေသည် ၊၊
ထိုစဥ်ကျောင်းအုပ်ဆရာမကြီးမှ
" တိတ်စမ်း !! နေချိုသွေး
ဆရာသမားတွေရှေ့မှာတောင်
လူကြီးသူမကို ဘယ်လိုတွေပြောနေတာလဲ !! "ကျောင်းအုပ်ဆရာမကြီးစကားဆုံးသည်နှင့်
မေခတ္တာဟာဟေမာန့်အမေလက်ကိုဆုပ်ကိုင်ကာ
" ဒီကလေးအစားကျွန်မပဲတောင်းပန်ပါတယ်
နောက်ဒီလိုမဖြစ်စေရပါဘူး အမရယ် !! "" မဟုတ်တာ !!
ဆရာမက ကျွန်မကိုတောင်းပန်စရာမလိုပါဘူး
အဲ့ကလေးမရဲ့ အိမ်ကိုသာခေါ်ပေးပါ !! "မေခတ္တာဟာကျွန်မကိုတချက်ကြည့်ပြီးသူမမျက်ဝန်းတွေကတခုခုကိုခွင့်တောင်းနေဟန်ဖြစ်သည် ၊၊ထိုသည်ကိုသိသည့်ကျွန်မကလည်းမျက်ရိပ်မျက်ခြေပြကာတားလေသည် ၊၊
" ကျွန်မက ဒီကလေးရဲ့အုပ်ထိန်းသူပါ !! "
ထိုစကားကြောင့်ဟေမာန်ရောဟေ့မာန်အမေပါပါးစပ်အဟောင်းသားဖြစ်သွားလေသည် ၊၊
" သြော် !! ဒါဆိုကျွန်မသမီးပြောတာမှန်တာပေါ့
အဲ့ကလေးမကမေးခွန်းတွေရနေတယ်ဆိုတာ !! "ထိုစကားကြောင့်ကျောင်းအုပ်ဆရာမကြီးမှာမျက်နှာတင်းမာသွားကာ
" စကားကိုဆင်ကျင်ပြောပါ
ဆရာမမေခတ္တာက
မေးခွန်းထုတ်ရတာမဟုတ်သလို
တခြားဆရာမတွေကလည်း
ကိုယ့်မေးခွန်းကိုပေါက်ကြားခွင့်မရှိပါဘူး
ဒီလိုမဟုတ်မမှန်တာကိုဆက်ပြောနေမယ်ဆိုရင်
ထိရောက်စွာအရေးယူရပါမယ် !! "
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး