အပိုင်း ( ၁၈ )

393 59 4
                                    

ထိုအဖြစ်အပျက်ကိုသိပြီးနောက်တွင်ကျောင်းမသွားပဲသူမရဲ့လက်ကလေးကိုသာဆုပ်ကိုင်ရင်းဆေးရုံမှာသာရှိနေခဲ့သည် ၊၊

ဆရာမကေသီရောက်လာချိန်နှင့်ဆုံချိန်တွင်ဆရာမကေသီဟာသူမလက်ကိုဆုပ်ကိုင်ထား
သည့်ကျွန်မလက်လေးကိုရိုက်ချလိုက်ပြီး
" လူတစ်ယောက်လုံးကိုသေလုမျှောပါး
ဖြစ်အောင်လုပ်ထားပြီး
ညည်းဒီမှာဘာလာလုပ်နေတာလဲ နေချိုသွေး
သွားသွား !! ဒီနေရာကမင်းနဲ့မသက်ဆိုင်ဘူး
ညည်းဒီမှာရှိနေစရာအကြောင်းကိုမရှိတာ !! "

ကျွန်မကိုဆွဲကာလွှဲကာနှင့်ပြောသည်မို့ကျွန်မလည်းမျက်ရည်စလေးတွေတွဲခိုကာလက်အုပ်လေးချီ၍
" အသွေးတောင်းပန်ပါတယ် ဆရာမရယ်
အသွေးဒီမှာပဲနေပါရစေနော်
ကျေးဇူးပြုပြီး အသွေးကိုနေခွင့်ပေးပါနော် !! "

" ညည်းလိုပြသနာမကိုထားစရာလား
သွား !! အခုချက်ချင်းထွက်သွားစမ် !! "

ဆရာမကေသီကကျွန်မကိုတံခါးအပြင်ဆွဲထုတ်ကာအခန်းတံခါးကိုပိတ်လိုက်လေသည် ၊၊

ကျွန်မလည်းထိုအခန်းတံခါးကိုမှီကာထိုင်ချ၍ရှိုက်ကြီးတငင်ငိုကြွေးနေမိသည် ၊၊

တံခါး၏တဖက်မှာတော့ကေသီဟာ
" အဲ့လိုလုပ်မှ ဒေါ်မြင့်ရေ !!
မဟုတ်ရင် ကျောင်းမသွားဘာမသွားနဲ့
ခတ္တာက သူ့ကိုသိပ်ဖြစ်စေချင်တာ "

ထိုစဥ်ကျွန်မဂျင်းဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကမြည်လာသည်မို့ထုတ်ကာကိုင်လိုက်လေသည်၊၊

" ဟဲလို !! ကျွန်တော်အင်္ကျီလေးလာပို့ချင်လို့ပါ "

ကျွန်မလည်းမျက်မှောင်လေးကျုံ့၍
" ဖုန်းမှားနေတယ်ထင်တယ် !! "

ကျွန်မထိုသို့ပြောတော့ deliver သမားမှာဖုန်းနှစ်လုံးနှင့်ကျွန်မတို့အိမ်လိပ်စာကိုပါရွတ်ပြလေသည်၊၊

ထို့ကြောင့်ကျွန်မလည်းသူမမှာထားသည်ဟုသဘောပေါက်၍ထိုပစ္စည်းကိုလက်ခံရန်အိမ်သို့အမြန်ပြန်ရလေသည် ၊၊

" ဘယ်လောက်ကျလဲမသိဘူး !! "

" အကုန်ရှင်းပြီးထားပါ ညီမလေး !! "

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

မုန်းစကိုတိုစေလိုWhere stories live. Discover now