အပိုင်း ( ၁၆ )

490 71 2
                                    

ကျောင်းနဲ့တက္ကသိုလ်မှာအတော်ခြားနားလွန်းလှသည် ၊၊ ကျောင်းမှာတော့ဆရာဆရာမတွေကစာတပုဒ်ဆိုဖြေးဖြေးချင်းနားလည်လွယ်အောင်ရှင်းပြပေမယ့်တက္ကသိုလ်တွင်တော့ပါမောက္ခဆရာကြီး၊ဆရာမကြီးတွေရဲ့ရှင်းပြမှုတွေမှာမြန်လွန်းသည်မို့လိုက်မှတ်ရန်ပင်မမှီပေ ၊၊ ထို့ကြောင့်မသိမသာလေးဖုန်းထဲတွင်အသံသွင်း၍အိမ်ရောက်မှသေချာလေ့လာရလေသည် ၊၊

ထို့ပြင်တက္ကသိုလ်ကျောင်းသားဘဝဟာ
roll call ထိုးပြီး အတန်းအလွယ်တကူလစ်လို့ရပေသေးသည် ၊၊

ထို့ကြောင့်ကျောင်းကိုသဘောမကျတဲ့ကျွန်မအတွက်လွတ်လပ်ရေးပင်ရလေသည် ၊၊

"  ဟေမာန် !! 
ငါ့ကို  roll call  ထိုးပေးဦးနော်  !!  "

ကျောင်းစဖွင့်တည်းကဟေမာန်ကကျွန်မနားတွင်ကပ်နေသည်မို့ကျွန်မလည်းအလိုက်အထိုက်ပေါင်းပြီးကောင်းကောင်းအသုံးချလေသည်၊၊

"  ဟမ် !! 
ဒီနေ့ရော ဘယ်သွားမလို့လဲ နေချိုသွေး !!  "

ဆုမြတ်နှင့်ရုပ်ရှင်ကြည့်ရန်ချိန်းထားသည်ကိုပြောရင်ဟေမာန်ပါလိုက်မည်ဖြစ်တာကြောင့်
ကျွန်မမုသားသုံးလိုက်လေသည် ၊၊

"  အမ်  !! အဖွား !!  အဖွားဆုံးလို့ !! "
ကျွန်မလည်းကျွန်မမမွေးခင်တည်းကဆုံးသည့်အဖွားကိုထပ်ဆုံးခိုင်းလေသည် ၊၊

"  ဟမ် !! 
ဟိုနေ့ကပဲနင့်အဖွားဆုံးတယ်ဆို
အခုထပ်ဆုံးပြန်ပြီလား !!  "

"  အယ် !! မဟုတ်ပါဘူး နင်နားကြားမှာတာ
ဟိုရက်က ဆုံးတာက အဖိုး  !!  "

ကျွန်မရဲ့ဟာကွက်ကိုဟေမာန်မိသွားတာ
ကြောင့်အရူးကွက်နင်းကာအတန်းမှပြေးထွက်လေသည် ၊၊

ထို့နောက်ကျောင်းရဲ့ခပ်လှမ်းလှမ်းတွင်Taxi ကိုငှား၍ရုပ်ရှင်ရုံသို့သွားလေသည် ၊၊

ရုပ်ရှင်ရုံရှေ့သို့ရောက်သော်ကျွန်မလည်းဆုမြတ်ကိုဖုန်းဆက်ပြီးလက်မှတ်နှစ်စောင်နှင့်မုန့်တွေဝယ်ထားပြီးအသင့်စောင့်နေလိုက်သည် ၊၊

ခဏကြာတော့ဆုမြတ်လည်းရုံသို့ရောက်လာလေသည် ၊၊ မတွေ့တာကြာပြီဖြစ်တာကြောင့်
သူငယ်ချင်းနှစ်ယောက်အလုအယက်စကားတွေပြောရင်းရုံထဲသို့ဝင်လာလေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now