အပိုင်း ( ၁၁ )

449 78 6
                                    

ခတ္ဆာရဲ့ယောင်နေသည့်ခြေသလုံးကို
ကြည့်၍ဆရာမကေသီဟာစိုးရိမ်တကြီးဖြင့်
"  အဆင်ပြေရဲ့လား ခတ္တာ !!  "

ပုံမှန်လူကောင်းတွေအတွက်တောင်တနေကုန်
စာသင်သည်မှာမလွယ်ကူလှပေ ၊၊ ထို့ကြောင့်
ခတ္တာလိုစတီးရိုးထည့်ကာခွဲစိတ်ထားသည့်လူနာအတွက်ပိုတောင်ခက်ခဲလှသည် ၊၊

ခေတ္တာဟာဆေးလေးလူးကာခြေသလုံးလေးကိုအသာနှိပ်နယ်ရင်း
" ရိုးနေပါပြီ မကေရယ်
ဒီလိုပဲဆေးသောက်ရင်း
ဆေးလိမ်းရင်းနဲ့ပဲ ပြန်အဆင်ပြေသွားတာပဲ  !!  "

ဆရာမကေသီဟာသက်ပြင်းလေးချပြီး
"  အမတော့ ခတ္တာကိုအိမ်မှာပဲနားစေချင်ပြီ !!  "

"  အခုကလေးတွေက
စာမေးပွဲတအားနီးနေပြီလေ မကေရယ်
ခတ္တာနားလိုက်တာနဲ့
အကုန်ကမောက်ကမတွေဖြစ်ကုန်ကြမှာ !! "

၁၀တန်းစာမေးပွဲကြီးနီးသည်မို့အားလုံးကကိုယ်တာဝန်ယူထားသည့်ဘာသာနှင့်ပင်အပတ်မလည်လှပေ ၊၊ ထို့ကြောင့်မေခတ္တာပြောသည့်စကားကိုကေသီဘာမှမပြောနိုင်ပေ ၊၊

ထိုစဥ်ကျောင်းတက်ခေါင်းလောင်းသံကြားသည်မို့မေခတ္တာတစ်ယောက်ကေသီ့ကိုနှုတ်ဆက်ကာအတန်းသို့သွားလေသည် ၊၊

အတန်းထဲသို့ရောက်သော်  !!

"  !!  ပဉ္စဂုဏံ အဟံဝဏာမိ
အာစရိယဂုဏံ အဟံဝဏာမိ မင်္ဂလာပါဆရာမ !!

"  မင်္ဂလာပါကလေးတို့ ထိုင်ကြ ထိုင်ကြ !! "

မေခတ္တာလည်းအတန်းထဲကကျောင်းသူကျောင်းသား၏မျက်နှာတွေကြည့်ရင်းသူမရှေ့
တည့်တည့်ပထမဆုံးအတန်းတွင်တစ်သျှူးလေးနဲ့ဘယ်ဘက်မျက်လုံးကိုဖုံးကာထိုင်နေသည့်နေချိုသွေးကိုသူမတွေ့ရလေသည် ၊၊

ခတ္တာလည်းစိုးရိမ်တကြီးဖြင့်
"  ဘာဖြစ်တာလဲ ကလေးငယ် !!  "

တိတ်ဆိတ်နေသည့်အခန်းတွင်သူမ၏ထိုအသုံးအနှုန်းမှာရှင်းလင်းပြတ်သားစွာကြားရလေသည် ၊၊

ထို့ကြောင့်ဘေးချင်းကပ်ရပ်အချင်းချင်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအဖြေထုတ်နေကြသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now