အပိုင်း ( ၁၄ )

338 59 5
                                    

ယနေ့ည၁၂နာရီတွင်အောင်စာရင်းတွေကပ်မည်ဖြစ်တာကြောင့်ကျောင်းရှေ့တွင်မိဘများနှင့်ကျောင်းသားကျောင်းသူတို့ရင်တထိတ်ထိတ်ဖြင့်စောင့်နေကြလေသည် ၊၊

၁၂နာရီတိတိသို့ရောက်သော်ကျောင်းတံခါးဖွင့်ပေးလိုက်သည်နှင့်ထိုလူအုပ်ကြီးမှာအလုအယက်တိုးကြိတ်ပြေးဝင်ကြလေသည် ၊၊

ကျွန်မသူငယ်ချင်းဆုမြတ်ကတော့လူစုကွဲမှာစိုးတာကြောင့်ကျွန်မလက်ကိုဆုပ်ကိုင်ရင်းသံဇကာထဲမှအောင်စာရင်းကိုမြင်ရန်ရှေ့ကနေတိုးကြိတ်နေသည် ၊၊

ထို့နောက်ဆုမြတ်နှုတ်ကနေတိုးတိတ်စွာရေရွတ်ရင်းအသံကျယ်ကျယ်ဖြင့်
"  နင်ရောငါရောအောင်တယ် အသွေး !!
ငါက D 1 လုံး  !!   နင်က 2 လုံးတောင် ဟ !!  "

ဆုမြတ်ကလူအုပ်ကြားထဲမှအတင်းတိုးထွက်၍
ခပ်လှမ်းလှမ်းအမေဆီလက်လေးဝှေ့ရမ်းရင်းပြေးသွားလေသည် ၊၊

"   အမေ !!  သမီးအောင်တယ်
D တလုံးတောင်ပါသေးတယ် !!  "

ဆုမြတ်အမေကလည်းသမီးဖြစ်သူကိုဖက်ကာ
"  တော်လိုက်တဲ့ငါ့သမီးလေး !!  "

ထိုအချိန်တွင်ကျွန်မကတော့အောင်စာရင်းကို
ကိုယ့်မျက်စိနှင့်ကိုယ်အတည်ပြုပြီးလူအုပ်ကြီးမှထွက်လာခဲ့လေသည် ၊၊

ထိုစဥ်ကျောင်းဝန်းထဲတွင်ဝမ်းသားအားရဖြင့်မိဘကိုပြောပြနေသည့်သူတွေ ၊ မိဘရဲ့ချီးကျူးထွေးပွေ့မှုတွေကိုခံနေရသည့်သက်တူရွယ်တူတွေကိုကြည့်ရင်းကျွန်မမိဘတွေသာရှိရင်ဆို
သည့်စိတ်ဖြင့်ဝမ်းနည်းအားငယ်လာရလေသည်၊၊

ထိုစိတ်ကြောင့်ကျွန်မကြာကြာဆက်မနေနိုင်တော့သည်မို့ကျောင်းတံခါးဝကအုတ်ခုံငယ်လေးဆီပြေးထွက်လာခဲ့သည် ၊၊

မေခတ္တာတစ်ယောက်အုတ်ခုံငယ်တွင်ထိုင်ငိုနေသည့်နေချိုသွေးကိုမြင်သည်နှင့်စိုးရိမ်တကြီးဖြင့်ကားပေါ်ကဆင်းကာချိုင်းထောက်ကိုအားပြုရင်းနေချိုသွေးဆီသို့အမြန်သွားလေသည် ၊၊

မေခတ္တာလည်းနေချိုသွေးဘေးတွင်ထိုင်လိုက်ပြီးချိုင်းထောက်ကိုအုတ်ခုံအစွန်တွင်အမှီပြုကာထားလိုက်လေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now