အပိုင်း ( ၁၃ )

406 77 5
                                    

ဒီနေ့ဟာ၁၀တန်းစာမေးပွဲကြီးနောက်ဆုံးရက်ဖြစ်တာကြောင့်မေခတ္တာတစ်ယောက်နေချိုသွေး၏အခြေအနေကိုသိလိုစိတ်ဖြင့်ရင်တမမဖြစ်နေလေသည် ၊၊

သို့သော်နေချိုသွေးမှာကျက်စာတွင်အားသန်သူဖြစ်တာကြောင့်ဘောဂဗေဒတွင်အခက်အခဲဖြေဆိုနိုင်မည်ဟုသူမအကြွင်းမဲ့ယုံကြည်သည် ၊၊

တစ်ဖက်တွင်လည်း  !!

"  ဟဲ့ !! ဖြေနိုင်ရဲ့လား  အသွေးမ !!  "

"  Eco လောက်က အေးဆေးပါ ဆုမြတ်ရယ်
မျက်စိမှိတ်ဖြေလို့တောင်ရတယ်  !! "

"  အမလေး !! ဂုဏ်ဆာနေလိုက်တာများ !!  "

"  နင်ရော ဖြေနိုင်ရဲ့လား  !!  "

"  ဟဲ့ !!
နင့်သူငယ်ချင်းဆိုမှတော့
မဖြေနိုင်ပဲနေပါ့မလား  !!  "

" အမယ် !!  "

"  ဟားဟား  !!  "

ကျွန်မတို့လည်းစကားပြောရယ်မောရင်းဖြင့်ကျောင်းတံခါးဝကနေထွက်လာခဲ့ကြသည် ၊၊

ထို့နောက်တိုင်ပင်ထားကြသည့်အတိုင်း
Toilet တွင်အဝတ်အစားဝင်လဲကာ
Bounce Space သို့သွားကြလေသည် ၊၊

Bounce Space သို့ရောက်သောအခါခုန်ပေါက်ကာပြေးလွှားကစားကြရင်းပျော့ပျော့အိအိတွင်ဆော့ကစားခဲ့ရသည့်ငယ်ဘဝကိုတဖန်ပြန်ခံစားရလေသည် ၊၊

ထို့ကြောင့်ကျွန်မတို့လည်းစာမေးပွဲကြောင့်စိတ်ပင်ပန်းခဲ့ရသည်အရာအားလုံးကို
ထို play ground ဖြင့်ဖြေဖျောက်ကြလေသည် ၊၊

သူငယ်ချင်းနှစ်ယောက်လျှောစီးလိုက်၊
ဖောတုံးတွေကြားစနောက်ကာတွန်းချလိုက်၊
ဘောလုံးတွေပစ်လိုက်၊တောင်တက်လိုက်ကြနှင့်
မျိုးစုံမျောက်ရှုံးအောင်ကစားကြလေသည် ၊၊

အချိန်တော်တော်ကြာပြီးခြေကုန်လက်ပန်းကျကာမောပန်းသွားကြပြီဆိုမှကျွန်မတို့
ထိုကစားကွင်းမှထွက်လာခဲ့ကြလေသည် ၊၊

ထို့နောက် မုန့်တခုခုဝင်စားကြကာTaxi ကိုယ်စီငှား၍ပြန်ကြလေသည်၊၊

အိမ်ပြန်ရောက်ရောက်ချင်းတွင်တော့ဧည့်ခန်းထဲတွင်နေမသိထိုင်မသာဖြစ်နေသည့်သူမကိုတွေ့လေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now