ဒီနေ့လည်းကျွန်မဟာသူမနိုးလာမလားဆိုတဲ့မျှော်လင့်ချက်လေးဖြင့်ကျောင်းဆင်းသည်နှင့်ဆေးရုံကိုအပြေးအလွှားသွားပြန်သည် ၊၊
အခန်းတံခါးခေါက်လိုက်သည်နှင့်ဒေါ်မြင့်က
ဖွင့်၍ထုံးစံအတိုင်းခေါင်းလေးခါရမ်းပြလေသည်၊၊ထို့ကြောင့်ကျွန်မလည်းခြေလှမ်းတွေလေးလံစွာဖြင့်ကုတင်မှာမေ့မြောကအိပ်စက်နေသည့်သူမကိုကြည့်၍လက်ကလေးကိုဆုပ်ကိုင်မိသည်၊၊
အရင်ရက်တွေ့ကလိုသူမလက်တွေကအေးနေပြန်သည်မို့ကျွန်မ၈နှစ်အရွယ်မေမေဆုံးပြီဟုဆိုတုန်းကမေမေ့လက်ကိုဆုပ်ကိုင်ရင်းလှုပ်နှိုးခဲ့သည့်အဖြစ်အပျက်ကိုပြန်လည်မြင်ယောင်ကာသူမကိုပါထပ်ဆုံးရှုံးရမည်ကိုကျွန်မကြောက်ရွံ့လာမိသည် ၊၊
အဘယ်ကြောင့်ဆိုသော်သူမမေ့မျှောနေသည်မှာဒီနေ့နဲ့ဆို၄ရက်ပင်ရှိနေပြီဖြစ်သည် ၊၊
ဆရာဝန်၏ပြောကြားချက်အရလူနာမှာစိတ်ထိခိုက်မှုကြီးကြီးမားမားဖြစ်ပြီးနှလုံးခုန်နှုန်းတွေမူမမှန်ခြင်းကြောင့်ကိုမာလိုမေ့မျှောနေရခြင်းဖြစ်သည်ဟုဆိုသည် ၊၊
ထိုနေ့ကသူမရဲ့မို့မောက်နေသောမျက်လုံးများဟာသက်သေဖြစ်သည်မို့ကျွန်မတို့လည်းဆရာဝန်၏စကားကိုငြင်းဆို၍လည်းမရပေ ၊၊
ထို့နောက်ဒေါ်မြင့်နှင့်သူမအကိုမှာလူလဲစောင့်သည်မို့သူမ၏အကိုရောက်လာသည်နှင့်ကျွန်မ
နှင့်ဒေါ်မြင့်တို့တူတူပြန်လာကြသည် ၊၊အိမ်သို့ရောက်လျှင်ဧည့်ခန်းကစတီခုံတွေ ၊အောက်ထပ်ကသူမအခန်းနှင့်ထမင်းစားဝိုင်း
တို့ဟာလွမ်းမောစရာပင်ဖြစ်နေသည် ၊၊" ညစာမလုပ်နဲ့တော့နော် ဒေါ်မြင့် !!
အသွေးစားလာခဲ့ပြီးပြီ !! "မနက်စာသာစားထားသည့်ဗိုက်ဗလာဖြစ်နေ
သည့်ကျွန်မဟာဒေါ်မြင့်ကိုမုသားသုံး၍
အပေါ်ထပ်သို့တက်လေသည်၊၊ကျွန်မအခန်းလေးထဲတွင်မြန်မာအင်္ကျီကိုချွတ်၍ချည်သားဝမ်းဆက်ကိုဝတ်ကာဘေးအခန်းကစာကြည့်တိုက်ဆီသို့ထွက်လာခဲ့သည် ၊၊
YOU ARE READING
မုန်းစကိုတိုစေလို
Romance၁၅နှစ်ကွာသည့် အမျိုးသမီးနှစ်ဦး၏နှောင်ကြိုးငယ် ဒေါ်မေခတ္တာ + နေချိုသွေး