အပိုင်း ( ၁၅ )

366 62 5
                                    

"  ဘယ်မေဂျာယူဖို့စဥ်းစားထားလဲ  !!  "

ကျွန်မရဲ့အမှတ်စာရင်းစာရွက်ကိုကြည့်၍သူမမေးခွန်းထုတ်နေလေသည် ၊၊

"  Law  ယူမှာ !!  "

" ကောင်းတာပေါ့ !!
မင်းဝါသနာပါရင်ပြီးတာပဲ "

ထိုစဥ်ခြံထဲကကားစက်သံကြောင့်မေခတ္တာလည်းအမှတ်စာရင်းစာရွက်ကိုကျွန်မလက်ထဲ
ထည့်ပြီးချိုင်းထောက်လေးကိုအားပြုကာထသွားလေသည် ၊၊

ဆေးခန်းသို့ရောက်သော်မေခတ္တာလည်းခြေထောက်အခြေအနေကိုဆရာနဲ့ပြကာစတီးရိုးထုတ်ရန်တိုင်ပင်ဆွေးနွေးလေသည် ၊၊

ထို့နောက်ဆေးခန်းကအပြန်တွင်အစိုးရိမ်ကြီးလွန်းသည့်မေခတ္တာမှာကားပြတင်းပေါက်ကနေအပြင်ကိုငေးရင်းတွေးတောအကြံထုတ်နေသည်၊၊

"  ခတ္တာ ကိုနိုင်နဲ့တိုင်ပင်ပြီး
လုပ်စရာရှိတာလုပ်ထားမှဖြစ်မယ် !!
မဟုတ်ရင် ခွဲစိတ်မှုသာတခုခုဖြစ်သွားရင် .   .   "

ကျွီ  !!!!

ထိုစကားကြောင့်အကိုဖြစ်သူဟာလမ်းဘေးတွင်ကားကိုထိုးရပ်လိုက်ပြီး
"  မပြောကောင်းမဆိုကောင်း
ဘာတွေပြောနေတာလဲ ခတ္တာ !!  "

"  မဟုတ်ဘူး ကိုကြီး  !!
ကိုယ့်ဒူးတောင် ကိုယ်ယုံရတာမဟုတ်
ဒါကြောင့်လိုရမည်ရတွေးပြီး
ပြင်ဆင်ထားတာက အကောင်းဆုံးပဲ  !!  "

-

လျှောက်ထားသည့်မေဂျာများကျလာပြီးနောက်တွင်ကျောင်းအပ်ရန်Date တွေ
ထွက်ခဲ့လေသည် ၊၊

ကျွန်မနဲ့ဆုမြတ်မှာမြို့နယ်အပိုင်းအခြားမတူသည်မို့ကျောင်းလည်းမတူသလိုမေဂျာလည်းမတူပေ ၊၊

သို့သော်ကျောင်းအပ်သည့်ရက်တွင်တစ်ယောက်ကျောင်းတစ်ယောက်လိုက်မည်ဟုသဘောတူထားကြလေသည် ၊၊

ကျွန်မတို့မနက်စောစောကျောင်းကိုထွက်လာကြသော်လည်းကျွန်မတို့ရှေ့တွင်လူတွေပြုံအုံနေသည်မို့စိတ်ပျက်လက်ပျက်နှင့်သက်ပြင်းလေးသာချလိုက်လေသည် ၊၊

မုန်းစကိုတိုစေလိုWhere stories live. Discover now