Chapter 35: စစ်တပ်ထဲသို့သွားခြင်း
ဆောင်းဦးကောက်ရိတ်သိမ်းချိန်ကမျက်စိတစ်မှိတ်အတွင်း ရောက်လာပြီး လူတိုင်းက စပါးရိတ်ရန် စိုက်ခင်းများရှိရာသို့သွားကြသော်လည်းဖုန်းချိုးယွဲ့နှင့်ဟဲ့ရှောင်ယွင် ကမူအိမ်တွင် နေရစ်ခဲ့သည်။
ဟဲ့ရှောင်ယွင် က မိသားစုတစ်ခုလုံးစားသောက်ရန် အတွက် ချက်ရေးပြုတ်ရေးကို တာဝန်ယူထားသည်။ဖုန်းချိုးယွဲ့ကမီးတွင်းထဲကမထွက်ရသေးသော်လည်း ယခင်ထက်ပိုပြီး နာလန်ထူလာနိုင်သောကြောင့် ကလေး၏ဝေယျာဝစ္စများအားလုံး ကို သူ(မ) ကိုယ်တိုင်လုပ်ဆောင်သည်။ ဟဲ့ရှောင်ယွင် က ကလေးသေးခံများကိုလျှော်ဖွပ်ပေးပြီး အစားအသောက်များကိုအခန်းထဲ
သွားပို့ပေးဖို့သာလိုအပ်သည်။
တစ်ခါတစ်ရံ စိုက်ခင်းထဲသို့ ဟဲ့ရှောင်ယွင် အစားအသောက်သွားပို့ချိန်တွင် ဖုန်းချိုးယွဲ့ က ဝေ့ယွမ်ဟန်ကိုကြည့်ထားပေးသည်။
အိမ်မှုကိစ္စများအားလုံးပြီး စီးသွားသောအခါနေ့လည်ပိုင်း သို့ ရောက်နေပြီဖြစ်သည်။သူ(မ)
လည်း အားနေသည်နှင့်ဖုန်းချိုးယွဲ့၏အခန်းထဲသို့တစ်ချက်ဝင်ကြည့်လိုက်သည်။
ဟဲ့ရှောင်ယွင် တစ်ယောက်အလုပ်ရှုပ်နေချိန်တွင် ကလေးငယ်ဝေ့ယွမ်ဟန်အား သူ့အဒေါ်နှင့်အတူ တစ်ရေးတစ်မောလောက်အိပ်ခိုင်းထားခဲ့သည်။အစပိုင်းတွင် ဖုန်းချိုးယွဲ့ကအလယ်တွင် လဲလျောင်းပြီး ကလေးနှစ်ယောက်ကိုဘေးဘက်တွင် ထားထားသည်။သို့သော်ယခုဟဲ့ရှောင်ယွင် ဝင်ကြည့်လိုက်ချိန်တွင် ဝေ့ယွမ်ဟန် က အိပ်ရာအလယ်သို့ ရောက်နေသည်။ ဖုန်းချိုးယွဲ့ က ပင်ပန်းလွန်းသောကြောင့် ထမဆူနိုင်တော့တာဖြစ်လိမ့်မည်။
ဟဲ့ရှောင်ယွင် လည်း မျက်လုံးပြူးမျက်ဆန်ပြူးနှင့်ပြောလိုက်သည်။" ရှောင်ဟန် ... ဘာလုပ်နေတာလဲ...ညီမလေးကိုသွားမထိနဲ့နော် "
"ရှူး...တိုးတိုး...မေမေဆူဆူညံညံတွေမလုပ်နဲ့လေညီမလေးအိပ်နေတယ် "ကလေးငယ်သူ(မ) ကိုဆူလားဟောက်လားပင်လုပ်နေသည်။
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.