Chapter 36:အိပ်စက်ခြင်း
ဝေ့ကျန့်ဝေ့ ၏တပ်ရင်းက မြို့တော်၏အဓိကတပ်ရင်းဖြစ်သည်။ဟဲ့ရှောင်ယွင် နှင့်ဝေ့ယွမ်ဟန်တို့သားအမိနှစ်ယောက်မြောက်ပိုင်းမှဆက်တိုက်ခရီးနှင်လာခဲ့ရာ ဘူတာရုံသို့နောက်နေ့ညနေပိုင်းမှရောက်သွားသည်။
ကလေးငယ်ကိုလက်တစ်ဖက်နှင့်ဆွဲထားပြီး လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုကိုင်ထားသည်။ပလက်ဖောင်းပေါ်သို့ရောက်သည်
နှင့်လေပွေကတစ်ဟုန်ထိုးတိုက်ခတ်သွားသည်။
မြောက်ပိုင်းဒေသကတောင်ပိုင်းဒေသထက်ပိုအေးပြီးဆောင်းရနံ့ပါနေသည့်လေထုကြောင့်လူကကျဥ်ကနဲဖြစ်သွားသည်။
"အေးလား " ဟဲ့ရှောင်ယွင် ကကလေးငယ်၏လက်ကိုခပ်ဖွဖွဆွဲညှစ်ရင်းမေးလိုက်သည်။
ဝေ့ယွမ်ဟန်ကခေါင်းခါပြီး လက်တစ်ဖက်ကလည်းချိုချဥ်တစ်ခုကိုကိုင်ထားကာဟဲ့ရှောင်ယွင် ဘက်သို့မှီလျှက်ပျားပန်းခတ်နေသည့် လူအုပ်ကြီးကိုစူးစမ်းသောမျက်ဝန်းများဖြင့်ကြည့်နေသည်။
ဘူတာရုံတွင် လူများကသွားလိုက်လာလိုက်နှင့်စည်ကားနေသည်။ဟဲ့ရှောင်ယွင် တစ်ယောက် ကောင်းကင်ထက်သို့မော့ကြည့်လိုက်ချိန်တွက်အနည်းငယ်မှောင်စပျိုးနေပြီဖြစ်သည်။ပျားပန်းခတ်နေသည့်လူအုပ်ကြားတွင် ရိပ်တိတ်ရိပ်တိတ်နှင့်ခေါင်းပင်မူးချင်လာသည်။
သူမနောက်ရှိလူများက အတင်းတိုးဝှေ့နေကြသောကြောင့်ကလေးငယ်ကိုတင်းတင်းဖက်ထားမိသည်။ သို့သော်အတင်းကာရောတိုးဝှေ့နေကြရာသူမတို့သားအမိနှစ်ယောက်လုံးဘေး သို့ချော်ထွက်ကာလဲကျမလို ဖြစ်သွားသည်။သို့သော်တစ်စုံတစ်ယောက်က သူမ လက်ကိုထိန်းကိုင်လိုက်သည်။
"ကျေးဇူးပါ... "ကျေးဇူးတင်စကားပြောရန်မော့ကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသည့်မျက်နှာချောချောကြောင့် စိတ်အေးသွားရပြီး အတော်လေးပျော်သွားမိသည်။" ရောက်လာပြီကိုး "
"ဖေဖေ "ကလေးငယ်ကတစ်ဖက်လူ၏ခြေသလုံးကိုပြေးဖက်သည်။"ဖေဖေ...ချီပါဦး "
YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.