[Unicode Version]
Episode (1)
Sejong University ရဲ့ ပထမဆုံး ကျောင်းစဖွင့်ရက်။ဆောင်းရာသီဖွင့်ရက်မလို့ အအေးဓာတ်က နဂိုထက်ပိုနေပေမဲ့ Jongin တို့လို ပထမနှစ်ကျောင်းသားများကတော့ အအေးဓာတ်ကိုမမှု။Jongin စောစောစီးစီးပဲ ထကာ ပြင်ဆင်ပြီးသည်နှင့် ငယ်သူငယ်ချင်းဖြစ်သူ Kyung Soo အိမ်ဘက်သို့ ထွက်လာခဲ့သည်။Jongin မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည့် Kyung Soo မေမေ့ကို ဖက်လိုက်ကာ
"Eimo...ဘာတွေချက်"
"သားတို့အကြိုက် ကင်မ်ချီထမင်းကြော်လေးလေ"
"ဒီနေ့တော့ ခွေးဗိုက်နမ်းပြီပဲ။ဒါနဲ့ Eimo... Kyungie ကော နိုးပြီလား။"
"နိုးပြီသားရေ။ခြောက်နာရီလောက်ကတည်းကပဲ"
"ထူးထူးဆန်းဆန်းပါလား"
Jongin စကားကြောင့် Kyung Soo မေမေက ရယ်လိုက်မိသည်။Jongin စကားက အမှားတော့မဟုတ်။သူမ့သားက အအိပ်မက်တာကို သူမအသိဆုံးပဲလေ။
"ဟုတ်တယ် သားရေ။မင်းသူငယ်ချင်းက Uni စတက်ရမှာမလို့တဲ့ ပြင်ဆင်နေတာ"
ပြောရင်း ကင်မ်ချီထမင်းကြော်လေးတွေကို ပန်းကန်ထဲ ခွဲထည့်ပြီး စားပွဲပေါ်တင်ပေးနေတုန်း Kyung Soo ပါ မီးဖိုခန်းထဲ ဝင်လာတော့သည်။တီရှပ်အဝါကိုမှ Style Pant အနက်လေးဝတ်ထားသည့် Kyung Soo က တက္ကသိုလ်ကျောင်းသားနဲ့မတူပဲ အလယ်တန်းကျောင်းသားနှင့်သာ တူနေတော့သည်။
"မေမေတို့ သားမရှိတုန်း သားအကြောင်းအတင်းတုပ်နေတာပဲ"
Kyung Soo စားပွဲခုံမှာ ဝင်ထိုင်ရင်းပြောလိုက်သည်။
"အတင်းတုပ်တာမဟုတ်ပါဘူး။မေ့သားလေး ဒီနေ့ တက်ကြွတာကို Jong လေးကို ပြောပြနေတာပါ ကလေးရဲ့။"
"ဒါကတော့ သားက တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီလေ မေမေရဲ့။အဲ့တော့ အပြတ်ရှိုင်းရတာပေါ့။ဟုတ်တယ်မလား Jongin"
Jongin ပြန်မပြောအား၊ကင်မ်ချီထမင်းကြော်ကိုသာ ငုံ့စားနေသည်မို့ Kyung Soo ဆူပုတ်ပုတ်ဖြင့်။
"မေ့သားလေးက လူချောလေးပါ"
"မေမေ့သားပဲကို။"
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ