[Unicode Version]
Episode (17)
ဘွဲ့နှင်းသဘင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားပြီနောက် ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေသည့် ကျောင်းသားများခြေရာက ကျောင်းဝန်းအနှံ ကြီးစိုးနေသည်။Chanyeol နှင့် Kyung Soo လည်း အတန်းဖော်တွေက အတင်းဆွဲထားသည်မို့ သူတို့နှင့် အတူ ဓာတ်ပုံရိုက်ပြီးသည်နှင့် မိဘများ၊Baekhyun၊Jongin တို့နှင့်ပါ ဓာတ်ပုံအတူရိုက်တော့သည်။
"Hyung နဲ့ Baekhyun အတူ နှစ်ယောက်တည်းပုံ မရိုက်ရသေးဘူးမလား။ကပ်လိုက်ကြလေ...ကျွန်တော်ရိုက်ပေးမယ်။"
Kyung Soo ပြောရင်း ကင်မရာချိန်လိုက်သည်။Chanyeol သူ့ဘေးနားမှာ ရပ်နေသည့် Baekhyun ကို ရင်ခွင်ထဲထည့်ရင်း တောက်တောက်ပပပြုံးကာ ဓာတ်ပုံအရိုက်ခံလိုက်ကြသည်။
အကုန်လုံး ဓာတ်ပုံရိုက်နေကြတုန်းမှာပင် လက်စွပ်ဗူးလေးထုတ်ကာ Kyung Soo ရှေ့ ဒူးထောက်လိုက်သည့် Jongin ကြောင့် Kyung Soo အပါအဝင် ထိုအနီးတဝိုက်ရှိနေသူများပါ အံ့သြသွားရသည်။
"Jongin...ဘာလုပ်နေတာလဲ။"
Kyung Soo ဆွဲထူပေမဲ့ Jongin ဒူးထောက်ထိုင်နေရာမှ ထမလာပဲ လက်စွပ်ဗူးလေးကို ဖွင့်လိုက်သည်။လက်စွပ်ဗူးအတွင်းမှ လက်စွပ်လေးနှစ်ကွင်းသည် ရိုးရိုးရှင်းရှင်းမောင်းကွင်းလေးများပင် ဖြစ်သည်။
"Kyungie...ကိုယ့်ဘဝတစ်သက်လုံး မင်းဘေးနားမှာ မင်းကို အဖော်ပြုပြီး နေသွားချင်တယ်။ပြီးတော့ ကိုယ်မင်းကို အရမ်းချစ်တယ်။ကိုယ့်ကိုယုံတယ်မလား။"
ဘေးနားမှာ အသံတွေ ဆူညံစွာထွက်ပေါ်လာပေမဲ့ တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေသည့် Kyung Soo နဲ့ Jongin ကတော့ ဘေးကအသံများကိုမကြားနိုင်။ကြည်နူးမျက်ရည်များကလည်း ရစ်ဝိုင်းလျက်ရှိနေကြသည်။
"အွန်း...ငါမင်းကို ယုံတယ် Jongin"
Kyung Soo အသံများက တုန်ယင်စွာ ထွက်ပေါ်လာခဲ့သည်။
"Will You Marry Me?"
"Yes,I Do။မင်းကိုအများကြီးချစ်တယ် Jongin"
Kyung Soo အဖြေအဆုံး Jongin...လက်စွပ်လေးကို ဗူးထဲမှယူကာ Kyung Soo လက်သူကြွယ်မှာစွပ်ပေးလိုက်သည်။ထို့နောက် ဒူးထောက်နေရာမှထကာ သူ့ရင်ခွင်ထဲကို တိုးဝင်လာသည့် Kyung Soo ခန္ဓာကိုယ်လုံးလုံးသေးသေးလေးအား တင်းတင်းကြပ်ကြပ်ဖြင့်ပင် ဖက်ထားလိုက်သည်။ရစ်ဝိုင်းနေသည့် မျက်ရည်စက်တို့အား နှစ်ယောက်လုံး လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ကြတော့သည်။

YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ