[Unicode Version]
Episode (14)
အချိန်တွေ တဖြည်းဖြည်းကုန်လာသည်မှာ Kyung Soo ပင် နောက်ဆုံးစာမေးပွဲ ဖြေပြီးပြီ ဖြစ်သည်။ထို့ကြောင့် အချိန်ပင် မဆွဲပဲ ချက်ချင်းပင် ကိုရီးယားကို Chanyeol နှင့် အတူတူ ပြန်လာခဲ့ကြသည်။Incheon International Airport ရဲ့ Arrival အပေါက်မှ ထွက်ထွက်ချင်း Kyung Soo လာကြိုသည့် သူ့မေမေကို ပြေးဖက်လိုက်သည်။Chanyeol လည်း သူ့မိဘများကို ဖက်လိုက်သည်။သူကတော့ နဂိုကတည်းက တသီးတသန့် နေတတ်ကာ အနေအေးသည်မို့ မိဘတွေနှင့် နှုတ်ဆက်သည်က ထိုမျှသာ ဖြစ်သည်။
"မေမေသားက မေမေ့ကို လွမ်းနေတာ"
"မေမေ့ကို လွမ်းနေတယ်ဆိုပြီး ဒီနှစ်တွေအတွင်း တခါမှ ပြန်မလာခဲ့ပဲနဲ့ကို"
Mrs.Do စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောတော့ Kyung Soo က သူ့မေမေပါးကို နမ်းကာ မျက်နှာချိုသွေးလိုက်သေးသည်။
"သား အချိန်ပိုင်းအလုပ်တွေက ခွင့်ယူဖို့ သိပ်မလွယ်လို့ပါ မေမေရယ်"
ထို့နောက် နှစ်ဖက်မိသားစု နှုတ်ဆက်ကြသည်။ တရားဝင် မိတ်ဆက်ထားရခြင်း မရှိပေမဲ့လည်း Kyung Soo နှင့် Chanyeol တွဲသည်ကို နှစ်ဖက်မိဘများက သိထားသလို သဘောလည်း တူထားပြီးသား ဖြစ်သည်။
"တစ်ရက်လောက် ညီမ့တို့ အိမ်ကို ထမင်းစားဖိတ်ပါရစေနော်"
"အင်းလာခဲ့ရမှာပေါ့။ Channie ကတောင် ပြောနေတာ။ Kyung လေး မေမေ လုပ်ကျွေးတဲ့မုန့်တွေက အရမ်းစားကောင်းတာတဲ့။အဲ့ကတည်းက အမက စားဖူးချင်နေတာ။ဒါဆို ညီမ အဆင်ပြေတဲ့နေ့ ပြောလေနော်။အမတို့ လာခဲ့မယ်"
ထိုသို့ဖြင့် အချင်းချင်း နှုတ်ဆက်ပြီး အိမ်တန်းပြန်ကြသည်။ Kyung Soo အိမ်ရောက်သည်နှင့် မနားနိုင်ပဲ ဘေးက Jongin အိမ်သို့ သွားလိုက်သည်။အမှန်တိုင်းပြောရရင် သူ လွမ်းနေပြီ ဖြစ်သည်။အိမ်ထဲ ရောက်တော့ Mrs.Kim က ဖက်ကာ ကြိုဆိုလာသည်ကို သူ သာမန်ကာလျှံကာမျှသာ ပြန်နှုတ်ဆက်မိသည်အထိ သူ Jongin ကို တွေ့ချင်နေပြီဖြစ်သည်။
"EimoJongin ရော"
"သား သူငယ်ချင်း အိပ်နေလေရဲ့။မနေ့က မူးရူးပြီး ပြန်လာတယ်လေ။သား သူငယ်ချင်းကို ကြည့်ပြောပေးပါဦး သားရယ်"
![](https://img.wattpad.com/cover/45912557-288-k214246.jpg)
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ