Episode (18) : Final

3.9K 211 3
                                    

[Unicode Version]

Episode (18)

ဒီနေ့ကတော့ အားလုံးပျော်ရွှင်နေကြသည့် Jongin နဲ့ Kyung Soo တို့ရဲ့ လက်ထပ်ပွဲနေ့လေးဖြစ်သည်။ဂုဏ်ပြုချီးမြှင့်ကြသည့်သူများလည်း တက်ရောက်ကြသလို ရှေးရိုးစွဲသူများကတော့ တက်ရောက်ကြခြင်းမရှိပေမဲ့ ထိုသူများကို ခေါင်းထဲထည့်ပြီး စဥ်းစားကြမည်မဟုတ်။

"ကဲ...ပြီးပါပြီ။နဂိုကတည်းက အသားအရည်ကောင်းပြီးသားသူဆိုတော့ မိတ်ကပ်နည်းနည်းလေးတင်လိုက်တာနဲ့ ကြည့်ကောင်းသွားတာပဲ"

မိတ်ကပ်ပညာရှင်စကားကြောင့် Kyung Soo နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။သူ့ထက်အရင် ပြင်ဆင်ပြီးသွားသည့် Jongin အား ကြည့်လိုက်သည်။

"Jongin...ဘယ်လိုလဲ။ငါ ထူးဆန်းနေလား။"

"ဟင့်အင်း။အရမ်းအဆင်ပြေတယ်။အရမ်းလည်းကြည့်လို့ကောင်းတယ်။"

ကြည်နူးရိပ်၊ပျော်ရွှင်ရိပ်သမ်းနေသည့်အခြေအနေလေးအား မဖျက်စီးလိုသည့် မိတ်ကပ်ပညာရှင်ကတော့ အခန်းထဲကနေ တိတ်တိတ်လေးထွက်သွားပြီ ဖြစ်သည်။

"ငါရော ဘယ်လိုလဲ Kyungie"

"ငါ့ကောင်လေးအချောဆုံး"

"ဘာ...ကောင်လေးလဲ။ကိုယ်က မင်း ယောက်ျား ဖြစ်လာတော့မှာပါနော်။"

ပြောရင်း ဆူထော်လာသည့် နှုတ်ခမ်းလေးကို Kyungie ခြေဖျားထောက်ကာ ဖျတ်ခနဲ နမ်းလိုက်သည်။

"စိတ်ကောက်မနေပါနဲ့တော့။ခဏနေ ပွဲပဲစတော့မှာကို။"

"အာ့ဆို ကိုယ့်ကို ယောက်ျားလို့ခေါ်"

"ခေါ်ပါဘူး။"

"Kyungie နော်..."

Jongin စိတ်ကောက်နေတုန်း တဟားဟားရယ်ကာ ဝင်လာသည့် Baekhyun နဲ့ သူ့ဘေးနားမှာ ခပ်ပြုံးပြုံးဖြင့် လိုက်လာသည့် Chanyeol။

"ဟျောင့်တွေ...Congratulations ကွာ။"

"Congratulations နော် ချာတိတ် နဲ့ ညီ"

"ကျေးဇူး Baekhyun နဲ့ Hyung။အားလုံးစုံတုန်း ကျွန်တော်တို့ ဓာတ်ပုံရိုက်ရအောင်။Jongin...ဓာတ်ပုံဆရာခေါ်ပေးပါဦးနော်။"

စိတ်ကောက်နေပေမဲ့လည်း Kyung Soo ပြောသည့်အတိုင်း လုပ်ပေးသည့် Jongin တစ်ယောက် ဓာတ်ပုံဆရာခေါ်ပြီးမှ ပြန်လာခဲ့သည်။ဓာတ်ပုံရိုက်ပြီးသည်နှင့် Baekhyun က Kyung Soo နား အနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

My Secret Love #Completed (Unicode & Zawgyi)Where stories live. Discover now