[Unicode Version]
Episode(6)
Jongin...Chanyeol ပြန်သွားမှ Kyung Soo အိမ်ဘက်ကို ကူးလာတုန်း Kyung Soo...Eimo ကို ပြောနေသည့်စကားကြောင့် သက်ပြင်းသာချလိုက်မိသည်။
"မေမေ...Hyung က သားကို Study Guide အနေနဲ့ ညနေတိုင်း စာလာသင်ပေးမယ်တဲ့"
"ကောင်းတာပေါ့။"
"မေမေ...Hyung ကို ဘယ်လိုမြင်လဲ"
"လူကောင်းလေးပါ သားရဲ့။ပုံစံလေးကြည့်တာနဲ့ လိမ္မာယဥ်ကျေးမဲ့ပုံပဲ။ဘာလို့လဲသား"
"ဟီး...ဒိတိုင်းမေးကြည့်တာ"
Jongin...သူရောက်ကြောင်းချောင်းတစ်ချက်ဟန့်ပြီးမှ အိမ်ထဲကို ခုမှရောက်သလိုပုံစံဖြင့် ဝင်လာလိုက်သည်။
"Kyungie...သက်သာတယ်မလား။"
"အွန်း...သက်သာတယ်။မင်းငါ့ကို စာရှင်းပြမလို့လား။"
"ဟုတ်တယ်လေ"
Jongin ပြောပြီး သူယူလာသည့်စာအုပ်တွေကို မြှောက်ပြလာသည်။
"အင်း...ငါ့အခန်းထဲသွားကြတာပေါ့"
"ကျေးဇူးပါပဲ Jong လေးရယ်။Eimo နွားနို့လေးကြိုထားတယ်။ပြန်ပူအောင်နွှေးပြီးရင် လာပို့လိုက်မယ်။"
Kyung Soo အား စာရှင်းပြပြီးတော့ Mrs.Do လာပို့ပေးသည့် နွားနို့အားသောက်လိုက်သည်။
"ငါ ညနေကပြန်လာတုန်းက Hyung ကို တွေ့လိုက်တယ်။Hyung ကိုကြည့်ရတာ မင်းကိုလည်းသဘောကျနေပုံပဲနော် Kyungie"
"ငါတော့ အရမ်းမမျှော်လင့်ချင်ဘူး။တွေးထားသလိုမဖြစ်လာရင် အရမ်းနာကျင်ရမှာ။မင်းရော...Baekhyun နဲ့ အဆင်ပြေတယ်မလား။"
"အွန်း...အဆင်ပြေတယ်ပဲ ပြောရမှာပေါ့။"
"မနက်...ကျောင်းကို ငါ့ဘာသာပဲ သွားလိုက်မယ်။မင်းက Baekhyun ကို သူ့အိမ်အထိ သွားခေါ်ပြီး တူတူသွားပေါ့။အဲ့လောက်တော့ လုပ်မှ မင်းဖွင့်ပြောရင် မငြင်းမှာပေါ့"
"မနက်ဖြန် ကျောင်းတက်တော့မလို့လား။သက်သာမှ တက်ပါလား Kyungie"
Jongin...Kyungie ပါးလေးကိုစမ်းကာ ပြောလိုက်သည်။မျက်နှာချင်းနီးကပ်သွားသလို မျက်လုံးချင်းစုံနေမိကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။နှစ်ယောက်လုံး နှလုံးခုန်သံကလည်း ထပ်တူကျနေပေမဲ့ Kyung Soo ကပဲ မျက်နှာစလွှဲလိုက်ကာ အရှက်ပြေ ရယ်ချလိုက်သည်။
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ