[Unicode Version]
Episode (15)
မနက် Kyung Soo နိုးတော့ နေအတော်မြင့်နေပြီ ဖြစ်သလို သူ့ဘေးနား အိပ်နေသည့် Jongin လည်းမရှိသည်မို့ အိမ်ပြန်သွားတာ ဖြစ်မည်ဟု တွေးရင်း သူလည်း ရေချိုးလိုက်သည်။ခဏအကြာ သူအောက်ဆင်းလာတော့ ဧည့်ခန်းထဲ ထိုင်နေသည့် Jongin ကိုမြင်တော့ အနည်းငယ် အံ့ဩသလို ဖြစ်သွားရသည်။
"Jonginငါက မင်းပြန်သွားပြီတောင် ထင်နေတာ"
"အင်းငါ ပြောစရာရှိလို့ မင်းကို စောင့်နေတာ"
"ပြောလေဘာပြောမလို့လဲ"
"ငါတို့ ခြံထဲသွားရအောင် Kyungie"
နှစ်ယောက်သား ခြံထဲက ဒါန်းလေးပေါ်မှာ ထိုင်လိုက်ကြသည်။ Kyung SooJongin မျက်နှာကို ကြည့်လိုက်တော့ တစ်ခုခုကို သေချာပေါက်ဆုံးဖြတ်ထားသလို မျက်နှာက တည်တင်းနေခဲ့သည်။
"Jonginမင်း ဘာပြောမလို့လဲ"
"မင်း ဘယ်အချိန်ထိ ကိုယ့်ကိုကိုယ် လိမ်ထားမှာလဲ။လိမ်နေမှာလဲ Kyungie"
"ဘာဘာကို ပြောတာလဲ"
Jongin က စာအုပ်တစ်အုပ်ကို ထုတ်ပြလာခဲ့သည်၊ထိုစာအုပ်မှာ Kyung Soo နိုင်ငံခြားမသွားခင် ရေးထားသည့် ဒိုင်ယာရီစာအုပ်လေး ဖြစ်သည်။Mrs.Do အခန်းသန့်ရှင်းရေးလုပ်ရင်း တွေ့ခဲ့တာ ဖြစ်သည်။အစကတော့ သားဖြစ်သူက Chan လေးနှင့် ချစ်သူ ဖြစ်နေသည်မို့ သူမလည်း ထိုစာအုပ်ထဲမှ သူမ သားဖြစ်သူ ရေးထားသော Jong လေးအပေါ် ထားရှိသည့် ခံစားချက်များသည် ခဏတာ ဟု ထင်ခဲ့မိသည်။သို့ပေမဲ့ မနေ့က သားဖြစ်သူအခန်းထဲကို ကြည့်မိတော့ သားဖြစ်သူက Jong လေးနဖူးအား နမ်းနေသည်မို့ သူမ ဝင်ပါရတော့မည်မှန်း သိလိုက်ရတော့သည်။သားဖြစ်သူအကျင့်အရ ထိုခံစားချက်တွေကို တစ်သက်လုံး ဖုံးကွယ်ထားဖို့က ဖြစ်နိုင်ချေများသည်မို့ မနက်နိုးနိုးချင်း Jong လေးအား ထိုစာအုပ်ပေးကာ သူမကတော့ ရှောင်ပေးခဲ့ခြင်း ဖြစ်သည်။
"ငါတွေ့ပြီးသွားပြီ မင်း ဒိုင်ယာရီကို။ပြီးတော့ မနေ့ညက ငါမူးနေပေမဲ့ အသိစိတ်လွတ်နေတဲ့အထိ မဟုတ်ဘူး Kyungie။ မင်းလည်း ကိုယ်နဲ့ထပ်တူ ခံစားချက်တွေ ရှိနေရဲ့သားနဲ့ ဘာလို့များ"
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ