[Unicode Version]
Episode (8)
Kyung Soo ဒါန်းပေါ်မှာ ခေါင်းငိုက်စိုက်ထိုင်နေသည့် Jongin အနားသို့သွားကာ ပခုံးပုတ်ပြီးခေါ်လိုက်သည်။
"Jongin"
သူ့အား မော့ကြည့်လာသည့် Jongin မွ မျက်နှာတစ်ခုလုံး နီရဲသလို မျက်လုံးများကလည်း နီရဲနေသည်။အရက်နံ့ကလည်း ထောင်းခနဲကိုထွက်လာသည်မို့ Kyung Soo နှာခေါင်းရှုံးလိုက်မိသည်။
"Jongin ဘာဖြစ်လာတာလဲ။"
Jongin က ဖြေမလာပဲ ပြုံးသာပြလာသည်မို့ Kyung Soo သူ့မေမေ Mrs.Do ဘက်သို့ လှည့်ကာမေးလိုက်သည်။
"မေမေ...သူဘာဖြစ်လာတာလဲ"
"မေမေလည်းမသိဘူး သား။Jong လေးက သားကို ပြောစရာရှိတယ်ဆိုပြီး ခြောက်နာရီလောက်ကတည်းက ဒါန်းပေါ်မှာထိုင်စောင့်နေတာ။မေမေက အိမ်ထဲဝင်စောင့်ပါ ပြောလည်းမရဘူး။"
"ဘာပြောစရာရှိလို့လဲ Jongin။ပြောလေ"
"Kyungie...ငါ မင်းနဲ့နှစ်ယောက်တည်းပဲ ပြောလို့ရမလား။လမ်းထိပ်က ကစားကွင်းမှာ ငါစောင့်နေမယ်။"
Jongin ပြောပြီး ယိုင်တိယိုင်တိုင်နဲ့ပဲ Mrs.Do ရော Chanyeol ကိုပါ Bow လုပ်ပြီး ခြံထဲက ထွက်သွားသည်။
"မေမေ နဲ့ Hyung...သား လိုက်သွားလိုက်ဦးမယ်နော်။မဟုတ်ရင် သူ ချော်လဲမှာစိုးလို့။"
Kyung Soo ခပ်သွက်သွက်ပြောကာ Jongin နားသွားပြီး လဲကျမှာစိုးလို့ ဘေးကနေ ကူတွဲပေးလိုက်သည်။Chanyeol လည်း အပြေးတပိုင်းဖြင့် ခြံထဲက ထွက်သွားသည့် Kyung Soo ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ထို့နောက် Mrs.Do ကို နှုတ်ဆက်ကာသာ သူလည်း ပြန်ခဲ့တော့သည်။
"အာ့ဆို သားလည်းပြန်လိုက်ဥိးမယ်နော်"
"အင်းအင်း သား။ကားကို ဂရုစိုက်မောင်းဦးနော်"
Mrs.Do ကလေးသုံးယောက်ရဲ့ မျက်နှာရိပ်မျက်နှာကဲတွေကို သေချာအကဲခတ်မိသည်မို့ သက်ပြင်းချကာ ခေါင်းခါရင်း ခြံတံခါးပိတ်ပြီးမှ အိမ်ထဲသို့ ဝင်ခဲ့တော့သည်။
^^^^^My Secret Love^^^^^
Jongin ကို ကူတွဲပေးလိုက်ကာမှ အေစာကလို ယိုင်ထိုးနေခြင်းမရှိပဲ မတ်မတ်လျှောက်လာသည့် Jongin ကြောင့် Kyung Soo ကြောင်အသွားရသည်။
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ