[Unicode Version]
Episode(3)
Chanyeol ရုတ်တရက် Yura Noona ကို တွေ့လိုက်ရသည်ကြောင့် ဖက်လိုက်မိသည်။Noona က အထက်တန်းအောင်ပြီးကတည်းက နိုင်ငံခြားမှာ ကျောင်းသွားတက်သည်မို့ သူတို့မောင်နှမ မတွေ့ရသည်မှာ နှစ်ချီနေပြီ ဖြစ်သည်။
"Noona တကယ် မကောင်းဘူးဗျာ။ပြန်လာတာကို ကျွန်တော့်ကိုမပြောဘူး။ပြောရင်း လာကြိုမှာပေါ့။"
"Noona က ကိုယ့်မောင်လေးကို Surprise တိုက်ချင်လို့လေ။ကြိုပြောရင် ဘယ်ရင်ခုန်ဖို့ကောင်းတော့မလဲ။Aigoo...Noona မောင်လေးက ထွားလာလိုက်တာ။"
"Noona ကို ပြောပြရဦးမယ်။ကျွန်တော် ချစ်ရသူလေးနဲ့ ပြန်တွေ့ရပြီ။Noona ပြောသလိုပဲ သူ ကျွန်တော့်နောက်ကို တကယ်လိုက်လာတယ်။"
"အမယ်...ငါ့မောင်လေးတို့ ပျော်နေတယ်ပေါ့။ပါးချိုင့်လေးတွေတောင် ထင်းလို့။"
"ပျော်တာပေါ့လို့။Noona ပြောလို့သာ သူ့စိတ်ကိုရော ၊ ကျွန်တော့်စိတ်ကိုရော သေချာအောင်လို့ သူ့ကို ခါးခါးသီးသီးငြင်းပြီး အဆက်အသွယ်ဖြတ်ခဲ့ရတာ။ကျွန်တော် သူ့ကို အရမ်းလွမ်းနေတာ"
Noona က သူပြောသည်ကို သတိမထားမိပဲ သူ့နောက်ခပ်လှမ်းလှမ်းကို ကြည့်နေသည်မို့ သူကြည့်မိတော့ ချာတိတ် နဲ့ ညီထင်ပါရဲ့။ကျောပြင်လေးတွေပဲ မြင်လိုက်ရသည်။နှစ်ယောက်သား ပြေးသွားကြသည်။သူတို့သူငယ်ချင်းကောင်လေးကတော့ အစောကအတိုင်းပဲ ကျန်ခဲ့သည်။ဘာများဖြစ်တာပါလိမ့်။
"Noona...အဲ့ပြေးသွားတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ ပုလုံးလုံးလေးက ကျွန်တော့်ချာတိတ်လေ"
"ဟင်...ဟုတ်လား။အဲ့ကလေး အစောက Noona တို့ကို ကြည့်ပြီး ငိုရင်း ထွက်ပြေးသွားတာ။အထင်လွဲသွားတာလားမသိဘူး။"
"ဗျာ...တကယ်လား Noona"
"အွန်း...လိုက်သွားပြီး ရှင်းပြလိုက်ဦး။Noona လည်း အိမ်ပြန်လိုက်ဦးမယ်။"
Chanyeol...Noona ကိုတောင် ပြန်မနှုတ်ဆက်နိုင်ပဲ နောက်ကိုလိုက်သွားပေမဲ့ မမှီတော့တာကြောင့် အစောက ကျန်နေခဲ့သည့် ချာတိတ်သူငယ်ချင်းကို မေးလိုက်သည်။

YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ