Episode 7

2K 201 0
                                    

[Unicode Version]

Episode (7)

"မင်း...ချာတိတ် သူငယ်ချင်းမလား"

"စီနီယာလား"

Chanyeol...Baekhyun ကို ထူပေးရင်း ခြေသလုံးထက်မှာ ပေါက်ပြဲနေသည်ကို တွေ့လိုက်ရသည်မို့ Baekhyun ကို ကားပေါ်တက်စေကာ စက်ဘီးကိုပါ သူ့ကားပေါ်တင်လိုက်သည်။

"ဆေးခန်းသွားဖို့လိုလား"

"မလိုဘူး စီနီယာ။ဒီလောက်ကတော့ ရပါတယ်။"

"ဒါဆိုလည်း ခဏစောင့်။"

Chanyeol ပြောပြီး ဆေးဆိုင်တစ်ခုရှေ့မှာ ကားရပ်လိုက်ကာ ဆေးပစ္စည်းတွေသွားဝယ်လိုက်သည်။ထို့နောက် ကားတံခါးဖွင့်ကာ ဆေးဆိုင်ရှေ့က ထိုင်ခုံလေးတွေမှာ Baek အားထိုင်စေကာ သူက ဒူးထောက်ထိုင်ချလိုက်သည်။

"နည်းနည်းတော့ စပ်မယ်။"

Chanyeol ပြောရင်း အရက်ပြန်ပါသည့် ဂွမ်းစဖြင့် ဒဏ်ရာကို တို့လိုက်သည်။စပ်သည်မို့ ခပ်ဖွဖွမှုတ်ပေးနေမိသည်။Baekhyun စပ်သည်ကြောင့် ခြေထောက်လေးရုန်းသွားပေမဲ့ Chanyeol ကထိန်းကိုင်ထားကာ

"ခဏပဲ။ပြီးပြီနော်။ခဏလေးပဲ"

Chanyeol ချော့ပြောမှ Baekhyun ခြေထောက်ရုန်းနေရာမှ ငြိမ်သွားသည်။Chanyeol လည်း Baekhyun ဒဏ်ရာကို ဆေးထည့်ပြီး ပလာစတာပါကပ်ပေးလိုက်သည်။

"ပြီးပြီ"

"ကျေးဇူးတင်ပါတယ် စီနီယာ"

"အင်း။ကိုယ့်နာမည် Park Chanyeol ပါ။တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်...ကျွန်တော် စီနီယာ့ကိုသိပါတယ်။ကျွန်တော်တို့ကျောင်းမှာ နာမည်ကြိးပဲကို။ကျွန်တော်က Byun Baekhyun ပါ"

"ဟုတ်ပြီ။ကိုယ်မှတ်ထားလိုက်မယ်။အခုတော့ ကားပေါ်တက်။ကိုယ်မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်နော်"

Chanyeol လည်း ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် Baekhyun ကို ကူတွဲကာ အိမ်တိုင်ရာရောက်လိုက်ပို့ပြီး စက်ဘီးပါ တခါတည်းအိမ်ထဲအထိ ထားပေးပြီးကာမှ သူအိမ်ပြန်ခဲ့တော့သည်။

^^^^^My Secret Love^^^^^

Kyung Soo ညရောက်တော့ မနေနိုင်စွာဖြင့်ပင် Jongin ဆီ ဖုန်းဆက်လိုက်သည်။တခါမှ ဒီလိုမျိုး မဖြစ်ခဲ့ဖူးဘူးမလား။Jongin ဘာကိုစိတ်ဆိုးသွားလဲဆိုတာလည်းသေချာမသိသည်မို့ နေရခက်လှသည်။ဖုန်းဝင်ဝင်ချင်း တန်းကိုင်လာသည်မို့ Kyung Soo ပြုံးမိသွားရသည်။

My Secret Love #Completed (Unicode & Zawgyi)Where stories live. Discover now