[Unicode Version]
Episode (13)
Chanyeol...Kyung Soo နဲ့ တွဲပြီး တစ်ပတ်အကြာမှာ IG မှာ သူတို့်တွဲကြောင်းကို ကြော်ငြာသည့်ူဘောဖြင့် Post လေး တင်လိုက်သည်။Chanyeol ရဲ့ IG မှ လက်တွဲထားသည့်ပုံလေးနှင့်အတူ "နောက်ဆုံးတော့ သူ့ကို ပိုင်ဆိုင်ခွင့်ရပြီ" ဆိုသည့် Caption ကြောင့် Jongin ရူးမတတ်ဖြစ်သွားကာ ချက်ချင်းပင် Kyung Soo ဆီ Instgram မှပင် Video Call တန်းခေါ်လိုက်သည်။
"အင်း...Jongin ပြော"
"Kyungie...မင်း Hyung ကို အဖြေပေးလိုက်တာလား။"
"အင်း။မင်းလည်း Hyung တင်ထားတဲ့ Post ကို တွေ့လိုက်တယ်မလား။"
"ဟာ...Kyungie ရာ။မင်း အရမ်းရက်စက်လွန်းတယ်။ဘာလို့ ငါ့ဘက်ကိုကျ နည်းနည်းတောင် ထည့်မတွေးပေးရတာလဲ။"
"Jongin...အစကတည်းက အဲ့လိုဖြစ်ဖို့ စီစဥ်ထားခဲ့ကြတာပဲမလား။ငါတို့ တက္ကသိုလ်မတက်ခင်ကတည်းက တိုင်ပင်ခဲ့ကြတာလေ။"
"မင်း ချစ်လား Hyung ကို"
သူ့မေးခွန်းကြောင့် Screen ထက်မှ Kyung Soo မျက်နှာလေး တွေဝေသွားသည်ကို မြင်လိုက်ရသည်မလို့ Jongin ကြိတ်ပြုံးမိလိုက်သေးသည်။
"ငါ...မသိဘူး။သေချာတာတစ်ခုကတော့ Hyung က ငါ့ကို အရမ်းချစ်သလို ငါကလည်း Hyung ကို အရမ်းချစ်ခဲ့ဖူးတာပဲ။"
"Hyung တင်မကဘူး။ငါလည်း မင်းကို အရမ်းချစ်တာပါပဲ Kyungie ရာ"
"Jongin...ငါ"
"ထားပါ။မင်းပျော်နေရင် ရပါတယ်။မင်းရွေးချယ်မှုက ငါမဟုတ်ခဲ့ဘူးပဲ။မင်းသဘောထားကို လက်ခံပေးရမှာပေါ့။အစကတည်းက ငါသိပြီးသားပဲ။"
Jongin ပြောရင်း ငိုပါငိုလာသည်မို့ Kyung Soo မကြည့်ရက်စွာပင် မျက်နှာလွှဲမိသလို သူလည်း ငိုချင်သည်ကို မနည်းထိန်းချုပ်ထားရသည်။
"ငါ...ငါ ဖုန်းချလိုက်တော့မယ် Jongin။တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး မငိုပါနဲ့တော့။ငါမင်းငိုတာ မကြည့်ချင်ဘူး။"
Kyung Soo ပြောပြီး End Call နှိပ်လိုက်ပြီးမှ ထိန်းချုပ်ထားရသည့်မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်သည်။သူ မငိုချင်ပါဘူး...သူလည်း Hyung နဲ့ အဆင်ပြေနေတာပဲကို။ဒါ...ဒါပေမဲ့ Jongin မျက်ရည်တွေကို မြင်ရချိန်မှာ သူဘယ်လိုမှ မထိန်းချုပ်နိုင်မိတော့ပါ။

CZYTASZ
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ