[Unicode Version]
Episode (4)
မျက်လုံးလေးတစ်ဖက်မှိတ်ကာ ပြောလာသည့် Kyung Soo ကိုကြည့်ပြီး Chanyeol အသည်းယားလာသည်ကြောင့် စိတ်မထိန်းနိုင်တော့ပဲ Kyung Soo လက်ကို ဆွဲယူကာ သူ့နားရောက်လာမှ နဖူးလေးကို ခပ်ဖွဖွတောက်လိုက်သည်။
"Hyung နာတယ်ဗျ"
"ကိုယ်တောင်းပန်တယ်နော် ချာတိတ်။ချာတိတ်က ချစ်ဖို့ကောင်းလွန်းလို့ကိုယ်လည်း မသိလိုက်ပဲ"
"ရပါတယ် Hyung ကလည်း။ကျွန်တော်က စတာပါ။အရမ်းမနာပါဘူး"
"ဟုတ်လို့လားကွာ။နီရဲနေတာပဲကို"
သူ့နဖူးကို ခပ်ဖွဖွလေးပွတ်ကာပြောလာသည့် Chanyeol ကြောင့် Kyung Soo ရင်ခုန်သွားသလို ပြုံးကာ တွေးမိသွားသည်။
"ငါအခု ရင်ခုန်နေတာပဲ။Hyung ကို ငါတကယ်ချစ်နေတာပဲလေ။ငါတွေးထားတာမှန်တာပဲ။မနေ့က ခံစားချက်က သေချာပေါက် သူငယ်ချင်းသံယောဇဥ်ကြောင့်ပဲ ဖြစ်မှာ"
Chanyeol သူတောက်လိုက်လို့ရဲသွားသည့် Kyung Soo နဖူးလေးကို အာငွေ့ပေးလိုက်သည်ယ
"ချာတိတ်...ဒါဆို ပြန်ရအောင်လေ။"
"Kyungie"
ကားပေါ်တက်ဖို့လုပ်တုန်း Jongin က ရောက်လာသည်မို့ Kyung Soo အံ့သြသွားရသည်။
"Jongin ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။Baekhyun ရော"
"သူ့ကိုပြန်ပို့ပြီး ပြန်လာတာလေ"
"မြန်လိုက်တာ"
"မမြန်ပါဘူး။ပုံမှန်ပါပဲ။တော်သေးတာပေါ့ မင်းရှိနေသေးလို့။ငါစိတ်ပူပြီး လိုက်လာတာ။မင်းက ဖုန်းမကိုင်လို့"
"ဖုန်းခေါ်ထားတာလား။ငါ Silent လုပ်ထားလို့ မသိလိုက်ဘူး"
"ညီလည်း ရောက်လာတာနဲ့အတော်ပဲ။Hyung နှစ်ယောက်လုံးကို ပြန်လိုက်ပို့ပေးမယ်။"
"ရတယ် Hyung...ကျွန်တော် Kyungie နဲ့ သွားစရာရှိလို့ ကျွန်တော်တို့ဘာသာပဲ ပြန်လိုက်တော့မယ်။"
Jongin ပြောပြီး Chanyeol အပြောတောင်မစောင့်တော့ပဲ Kyung Soo လက်ကိုဆွဲကာ ကျောင်းပြင်ကို ထွက်ခဲ့တော့သည်။Chanyeol ထိုမြင်ကွင်းကို ရင်နာနာဖြင့် ကြည့်ရင်းသာ တွေးလိုက်မိသည်။

YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ