Episode 9

2K 203 0
                                    

[Unicode Version]

Episode (9)

Kyung Soo မျက်စိမှိတ်ထားရာမှ Chanyeol ရယ်သံကြားသည်မို့ မျက်စိမဖွင့်သေးပဲ နှုတ်ခမ်းလေးဆူကာ ရန်တွေ့လိုက်သေးသည်။

"Hyung နော်။ဒီမှာဖြင့် ကျွန်တော်က ရင်ခုန်နေတာကို။"

"မျက်စိလေး ဖွင့်ပြီးလည်း ကြည့်ပါဦးချာတိတ်ရာ။ကိုယ့်ကိုကိုယ် မယုံဘူးလား"

"ယုံပေမဲ့ ကြောက်တယ်"

"ကိုယ့်ကို ယုံပြီး ကြည့်လိုက်"

အဲ့တော့မှ Kyung Soo မျက်စိဖွင့်ကာ Laptop Screen ကို ကြည့်လိုက်သည်။Screen မှာ ပေါ်နေသည်က

Roll.No (1) : Do Kyung Soo (Exchange Scholar Program to Harvard University)

"Hyungကျွန်တော် Scholar ပါသွားပြီ။"

Kyung Soo ပြောရင်း ဝမ်းသာအားရဖြင့် ထိုင်ရာမှ ထကာပင် အော်ဟစ်လိုက်သည်။

"Hyung ရောပါတယ်မလား။Hyung က တော်ပြီးသားပဲဆိုတော့ ပါတယ်မလား"

Chanyeol ခေါင်းညှိပ်ပြလိုက်တော့ Kyung Soo ထရာမှ ပြန်ထိုင်ပြီး Chanyeol ကို ဖက်လိုက်ကာ ထပ်မံ အော်ဟစ်နေပြန်သည်။

"အာ့ဆို ကျွန်တော်တို့ ဟားဗက်တက္ကသိုလ်မှာ တူတူ တက်ရတော့မယ်"

"ဒါပေါ့ကိုယ်တို့ ဒီတစ်ပတ်အတွင်း အမေရိကန်ကို သွားရမယ် ထင်တယ်။မနှစ်ကတော့ တစ်ပတ်အတွင်း သွားရတယ်လို့ ကိုယ်ကြားတယ်"

"တစ်ပတ်အတွင်းလား။မြန်လိုက်တာ"

Kyung Soo နည်းနည်းတွေဝေသွားရသည်၊ Scholar ရတာ သူပျော်ပေမဲ့လည်း သူခွဲနိုင်ပါ့မလားမသိ။မေမေ နဲ့ရော Jongin နဲ့ရော တွေ့နိုင်တော့မှာ မဟုတ်ဘူး။မေမေ နဲ့က ဖုန်းဆက်တာတို့၊ Video Call ပြောတာတို့လုပ်လို့ရသေးပေမဲ့ Jongin နဲ့က ကျတော့ရော။မင်း ငါ့ကို အခုထိ စိတ်ဆိုးမပြေသေးဘူးလားကွာ။

"ချာတိတ်ဘာဖြစ်လို့လဲ။မျက်နှာလည်းမကောင်းဘူး"

"မေမေ နဲ့ ခွဲရတော့မှာကို တွေးမိလို့ Hyung။ Scholar ရတာ ပျော်ပေမဲ့ ကျွန်တော် မေမေနဲ့ တခါမှ အခုလို မခွဲဖူးဘူး"

"အင်းကိုယ် နားလည်ပါတယ်။ဒါပေမဲ့ ဘာမှ မပူနဲ့နော်။ကိုယ်ရှိတယ်"

My Secret Love #Completed (Unicode & Zawgyi)Where stories live. Discover now