Episode 11

1.9K 173 0
                                    

[Unicode Version]

Episode (11)

Chanyeol စကားကြောင့် Kyung Soo အံ့သြသွားသည်မှလွဲရင် ဘာမှမခံစားခဲ့ရ။တစ်ချိန်က သူအကြားချင်ဆုံးစကား ဖြစ်ခဲ့ပေမဲ့ ထင်သလောက် မပျော်သည့်အပြင် စိတ်ထဲလေးလံသလိုပါ ခံစားလိုက်ရသည်။

"Hyung...အဲ့တာကလေ...".

"ကိုယ့်ကို ချက်ချင်းကြီး အဖြေပေးစရာမလိုပါဘူး။ကိုယ်က ဒီအတိုင်း ကိုယ့်ခံစားချက်တွေကို ချာတိတ် သိအောင် ပြောပြရုံပါပဲ။"

"ဟုတ်"

"ကိုယ် ပြောဖို့ကြိုးစားတာ ဒီကို စရောက်ကတည်းကဆိုပေမဲ့ Timing မကိုက်ဘူး ဖြစ်ဖြစ်နေတာကြောင့် ရောက်ပြီး နှစ်နှစ်ကျော်ကြာမှပဲ ဖွင့်ပြောရတော့တယ်။"

"ကျွန်တော်တို့ Disney Land အမှတ်တရအနေနဲ့ ဘီးကုတ်ဝယ်ပြီး Photo booth မှာ ဓာတ်ပုံသွားရိုက်ကြရအောင် Hyung"

သိသိသာသာ စကားလမ်းကြောင်းလွှဲသွားသည့် Kyung Soo ကြောင့် Chanyeol မျက်နှာပျက်သွားပေမဲ့ ချက်ချင်း ပြန်ထိန်းလိုက်ကာ နေရခက်တာမျိုး မရှိစေရန် Kyung Soo ပြောသလို လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။

"အင်း...သွားဝယ်ကြမယ်လေ။"

ဘီးကုတ်ဆိုင်ရောက်တော့ တစ်ယောက်ကိုတစ်ယောက်ရွေးပေးနေရင်းမှ ဝက်ဝံပုံ ဘီးကုတ်လေးကို Kyung Soo ကယူလိုက်သည်။

"Hyung...ကျွန်တော် ဒါပဲ ယူတော့မယ်။Jongin ကိုစမလို့...သူက သူ့ကိုဝက်ဝံနဲ့တူတယ်လို့ပြောရင် မကြိုက်တော့ ပိုစလို့ကောင်းတယ်။အမှန်ဆို သူစိတ်ဆိုးပြီး စူပူတ်နေရင် ဝက်ဝံလေးအတိုင်းပဲကို။"

Kyung Soo ရယ်ရယ်မောမောဖြင့် ပြောနေပေမဲ့ Chanyeol ကတော့ လိုက်မပြုံးနိုင်။ဂျူနီယာ Baekhyun မေးတဲ့စကားကိုတောင် သူ သတိရလာမိသည်။ဒါပေမဲ့ သူပြောခဲ့သလိုပဲ သူလွယ်လွယ်နှင့်တော့ လက်လျော့မည်မဟုတ်ပါ။

"ချာတိတ်...ဝယ်ပြီးပြီဆို ကိုယ်တို့ဓာတ်ပုံသွားရိုက်ရအောင်။ကိုယ်ကတော့ ကျားနားရွက်လေးပဲဝယ်တော့မယ်"

ဓာတ်ပုံတွေနေရာအနှ့ရောက်ခဲ့ပြီးတော့ မောသွားပြီ ဖြစ်သည်ကြောင့် ခုံတန်းတစ်ခုမှာ ထိုင်ကာ နားလိုက်ကြသည်။

My Secret Love #Completed (Unicode & Zawgyi)Where stories live. Discover now