[Unicode Version]
Episode(2)
Kyung Soo လည်း ပြေးကာ Jongin နဲ့ Baekhyun နောက်ကိုပြေးလိုက်သွားသည်။
"ဟေ့ကောင်တွေ...ငါတို့သွားကြစို့"
Lotte World အထိလာပြီးမှ Kyung Soo တစ်ယောက် အကြံတစ်ခုရလာကာ တမင်ရှေ့ကနေသူသွားခိုင်းတဲ့နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
"ငါ အိမ်ပြန်တော့မယ် Baekhyun နဲ့ Jongin"
"ဘာဖြစ်လို့လဲ Kyungie"
"အင်း...မင်းဘာဖြစ်လို့လဲ Kyung Soo"
မျက်နှာသိပ်လန်းပုံမပေါ်သည့် Kyung Soo ကြောင့် နှစ်ယောက်လုံး မေးလိုက်ကြသည်။Kyung Soo သူ့အကြံအစည်အောင်မြင်တော့မှာမို့ ကြိတ်ပြုံးလိုက်ပြီးမှ
"ငါနည်းနည်းခေါင်းထဲ ငြီးစီစီဖြစ်ပြီး ပင်ပန်းလာလို့။နေမကောင်းဖြစ်မှာစိုးလို့...အိမ်ပြန်ပြီးပဲ နားလိုက်တော့မယ်။"
"ငါလိုက်ပို့ပေးမယ်လေ Kyungie"
သူတို့နှစ်ယောက်တည်း လည်လို့ရအောင် တမင်ရှောင်ပေးတာကိုမှ အလိုက်မသိသည့် Jongin ကို သူ
တကယ်ထုပစ်ချင်လာတော့သည်။"အာ...ရတယ်။အဲ့လောက်မလိုဘူး။မင်းတို့ဘာသာ အေးဆေးပျော်ပြီးမှ ပြန်ခဲ့။Jongin...Baekhyun ကို ဂရုစိုက်ဦး။ဒါနဲ့ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပြီးရင် ငါ့ကိုပြန်ပြဦးနော် တာ့တာ။"
ပြောချင်တာပြောပြီး ပြန်သွားသည့် Kyung Soo ကို Jongin ရော Baekhyun ပါ တားချိန်မရလိုက်။
"Kyung Soo ကလည်း...အစက သူပဲ တက်ကြွနေပြီးတော့...အခုတော့ ငါနဲ့မင်းနဲ့ပဲဆော့ရတော့တာပေါ့ Jongin"
"အွန်း...ဘယ်တတ်နိုင်မလဲ။ငါတို့ပဲဆော့ရမှာပဲ"
Baekhyun သိပါသည်။Kyung Soo တမင်ရှောင်ပေးကာ သူနဲ့ Jongin ကို အဆင်ပြေစေချင်မှန်း။အစက သတိမထားမိပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ သိသာလာသည်လေ။Baekhyun ကိုယ်တိုင်လည်း Jongin ကိုသဘောကျနေမိသည်မှာ အထက်တန်းကတည်းကပင် ဖြစ်သည်။
Baekhyun ကိုယ့်ကိုကိုယ် ယောက်ျားလေးပဲ ချစ်မိမှန်း သတိထားမိခဲ့တာလည်း Jongin ကြောင့်ပင်ဖြစ်သည်။ဒီကျောင်းရွေးသည်မှာလည်း Jongin ကြောင့်ဖြစ်သည်။Jongin ကို ချစ် မချစ်မသေချာပေမဲ့ သဘောကျသလို သူလိုချင်တဲ့ Type ဖြစ်သည်။သို့ပေမဲ့ Kyung Soo က ဘယ်လိုစပ်ပေးပေမဲ့ Jongin ဘက်က မလှုပ်ရှားလာ။Jongin စိတ်ကို Baekhyun ကိုယ်တိုင်လည်း တကယ်နားမလည်နိုင်တော့ဘူး ဖြစ်သည်။
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ