[Unicode Version]
Episode(5)
Jongin...လဲကျနေသည့် Kyung Soo ကိုပွေ့လိုက်သည်။ဖြူဖျော့နေသည့်မျက်နှာလေးကို ကြည့်ပြီး သူ့ရင်ထဲမှာ မည်မျှပင်ပူလောင်နေလဲဆိုတာ သူအသိဆုံး။ရေချိုးခန်းထဲမှ ပွေ့ချီလာပြီး တဘက်ကြီးကြီးတစ်ခုဖြင့် ပတ်လိုက်ပြီး သူ့အိမ်သို့ ချီသွားကာ ကားပေါ်တင်လိုက်ကာ ဆေးရုံကိုသာ မောင်းလိုက်သည်။စိတ်ပူနေသည်မို့ မီးနီတွေ ဘယ်လောက်ဖြတ်ကျော်မိသလဲဆိုတာ သူမသိတော့။Eimo ကပင် ဖြေးဖြေးမောင်းဖို့ ပြောယူရသည်အထိ သူ ခပ်မြန်မြန်သာ မောင်းလာသည်။
ဆေးရုံရောက်သည်နှင့် Jongin...Mrs.Do ရင်ခွင်ထဲမှ Kyung Soo ကိုပွေ့ချီပြီး ဆေးရုံထဲဝင်သွားလိုက်သည်။ဆရာဝန်တွေက စစ်ဆေးစရာရှိတာစစ်ဆေးပြီး Kyung Soo မျက်နှာလေး သွေးရောင်ပြန်လွှမ်းလာမှပဲ သူ သက်ပြင်းချနိုင်တော့သည်။
"ကျေးဇူးပါပဲ Jong လေးရယ်။သားကြောင့်သာ မဟုတ်ရင် Kyung လေး အခုလိုဖြစ်နေတာကို Eimo သိမှာတောင်မဟုတ်ဘူး"
Eimo က သူ့လက်အားဆုပ်ကိုင်ကာ မျက်ရည်ကျရင်းဖြင့် ပြောလာလိုက်သည်။သူ Eimo လက်အား ပြန်လည်ဆုပ်ကိုင်ထားကာ
"Eimo...ပြန်ပြီး အနားယူရင်ယူတော့လေ။သားပဲ Kyungie ကို ဒီညစောင့်ပေးလိုက်မယ်။Eimo မနက်မှ အေးဆေးလာခဲ့လေနော်"
"အင်း...ဒါဆို Eimo လိုအပ်တာတွေယူပြီးမှ လာခဲ့မယ်။Kyung လေးကို သေချာစောင်ကြည့်ပေးပါနော် သားရယ်"
"စိတ်ချပါ Eimo"
Eimo ပြန်သွားပြီး တအောင့်လောက်ကြာမှ Jongin လည်း Kyung Soo ကို ရေပတ်တိုက်ပေးလိုက်သည်။Kyung Soo မျက်နှာလေးကိုကြည့်ရင်း သူသက်ပြင်းချလိုက်မိသည်။
"မျက်လုံးတွေလည်းဖောင်းအစ်နေတာများကွာ...ငိုထားတာလား Kyungie ရယ်။ ဒီလိုပုံစံနဲ့ ငါဘယ်လိုလုပ် မင်းကို ဥပေက္ခာပြုပြီး တခြားတစ်ယောက်ဆီ သွားနိုင်မှာလဲကွာ"
ထိုညက အဖျားတွေတက်နေသည့် Kyung Soo ကို တစ်ညလုံးပြုစုနေရပြီး မနက် လေးနာရီလောက်မှ Jongin လည်း အိပ်ပျော်သွားတော့သည်။မိုးလင်းတော့ Kyung Soo လည်း သတိရလာတော့သည်။အနည်းငယ် ညည်းညူရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်ပင် ကုတင်ပေါ် ခေါင်းတင်ပြီး အိပ်နေသည့် Jongin မျက်နှာကို မြင်လိုက်ရသည်။Kyung Soo ကြောင်ကာ Jongin မျက်နှာကို တွေတွေလေးသာ ကြည့်နေမိသည်။သူ့ရင်ဘတ်ထဲမှ အကောင်ပေါက်က ငြိမ်ငြိမ်မနေဘဲ ခုန်လာမှသာ သူ Jongin ကိုကြည့်နေရာမှ အကြည့်လွှဲလိုက်မိသည်။

YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ