[Unicode Version]
Episode (10)
Kyung Soo နဲ့ Chanyeol အပြင် သူတို့မိဘများ၊Jongin နဲ့ Baekhyun ပါ လေးနာရီလောက်ကတည်းက Incheon International Airport သို့ ရောက်နေပြီ ဖြစ်သည်။သူတို့မေဂျာရဲ့ ဋ္ဌာနမှ တာဝန်ရှိသူများနှင့် အမှတ်တရ ဓာတ်ပုံများတွဲရိုက်ရပြန်သည်။
"ကဲ...သားတို့အတွက် လေယာဥ်လက်မှတ်။အကောင်းဆုံး ကြိုးစားခဲ့။ဆရာတို့ တက္ကသိုလ်အတွက် ဂုဏ်ဆောင်ပေးခဲ့ဖို့ မျှော်လင့်တယ်ကွာ။"
ပါမောက္ခချုပ်ဆရာကြီးက အားပေးစကားပြောကာ ပြန်သွားခဲ့သည်။လေးနာရီခွဲအချိန်တွင် သူတို့စီးရမည့်လေယာဥ်က ခရီးသည်များအား ခေါ်နေပြီ ဖြစ်သည်မို့ နှုတ်ဆက်လိုက်ကြသည်။
"မေမေ...သား စိတ်ချမယ်နော်။ကျန်းမာရေး ဂရုစိုက်။တစ်ခုခုဆိုလည်း ဆေးခန်းသွားပြနော်။"
"အွန်းပါ သားရယ်။စိတ်ချပါ"
"Eimo အတွက် စိတ်မပူပါနဲ့ ငါရှိနေတာပဲ။ငါ Eimo ကို ကောင်းကောင်းဂရုစိုက်မှာပါ။"
Jongin စကားကို Kyung Soo အသိအမှတ်ပြုသလို ခေါင်းညှိပ်ပြလိုက်သည်။
"ဒါဆို မေမေ့ကို မင်းဆီပဲ အပ်ခဲ့တော့မယ်နော်။ငါ မင်းတို့ကို အမြဲသတိရနေမှာပါ Jongin နဲ့ Baekhyun"
Kyung Soo ပြောရင်း နှစ်ယောက်လုံးကို ပွေ့ဖက်လိုက်သည်။
"နှစ်ယောက်သား အဆင်ပြေပြေလည်း နေကြဦးနော်။"
"ချာတိတ်...ပြီးပြီလား။ကိုယ်တို့အထဲဝင်ကြရတော့မယ်နော်။"
Chanyeol လည်း သူ့မိဘတွေကို နှုတ်ဆက်ပြီးပြီမလို့ Kyung Soo ကို အထဲဝင်ရန်ပြောလာသည်။
"ဟုတ်...သွားကြတာပေါ့။ဒါဆို အားလုံးပဲ တာ့တာနော်။"
Mrs.Do က ရုတ်တရက် Chanyeol လက်ကို ဆုပ်ကိုင်ကာ ပြောလာခဲ့သည်။
"သား Chanyeol လေး...Eimo သားကို အပ်ပါတယ်ကွယ်။သေချာဂရုစိုက်ပြီး စောင့်ရှောက်ပေးပါနော်။"
Chanyeol လည်း Mrs.Do လက်လေးကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
"စိတ်ချပါ Eimo။ကျွန်တော် ချာတိတ်ကို သေချာပေါက် စောင့်ရှောက်ပေးမှာပါ။"
![](https://img.wattpad.com/cover/45912557-288-k214246.jpg)
YOU ARE READING
My Secret Love #Completed (Unicode & Zawgyi)
Fanfictionအချစ်ကို သူငယ်ချင်းသံယောဇဥ်လို့ လွဲမှားစွာထင်မိလာသောအခါ ချစ်တယ်လို့ ဖွင့်မပြောနိုင်သောအခါ နောက်ကျခဲ့သော အချစ်တစ်ခု အမှတ်မထင်မှ အမှတ်တရ